Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းလှမြို့နယ်ရှိ ကတဲ(ပုသိမ်-မုံရွာ)လမ်း မြေသားလမ်းတာဘောင်ချဲ့ခြင်းလုပ်ငန်းဆောင်ရွက်


24 Nov,2023

အထက်မင်းလှ နိုဝင်ဘာ ၂၃

            မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်၌ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကတဲ(ပုသိမ်-မုံရွာ)လမ်းကို မြေသားလမ်းတာဘောင်ချဲ့၍ မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ အဆိုပါ ကျေးလက်လမ်းဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အရည်အသွေးစစ်ဆေးရေးအဖွဲ့မှ နိုဝင်ဘာ ၂၂ ရက်က ကွင်းဆင်းစစ်ဆေးခဲ့သည်။

            အဆိုပါ ကျေးလက်လမ်းခင်းခြင်းဆောင်ရွက်ရာတွင် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကတဲ(ပုသိမ်-မုံရွာ)လမ်း (၀/၀မှ၂/၂)အထိကို မြေသားတာဘောင်ချဲ့၍ အကျယ် ၅ ဒသမ ၄၉ မီတာ၊  ထု ၂၀၀ မီလီမီတာ မြေနီခင်းခြင်းလုပ်ငန်းကို ခွင့်ပြုရန်ပုံငွေကျပ် ၈၂ ဒသမ ၀၂၄ သန်းဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးအတွက် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ခံအင်ဂျင်နီယာ ဒေါ်သီရိဖြိုးဝေဝင့်နှင့် သရက်ခရိုင် လုပ်ငန်းအရည်အသွေးစစ်ဆေးရေးတာဝန်ခံ အင်ဂျင်နီယာ ဦးခိုင်မင်းစိုးတို့က ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်လျက်ရှိသည်။

        မင်းလှမြို့နယ်၌ ကျေးလက်လမ်းများကို လမ်းခင်းခြင်းဆောင်ရွက်ပြီးစီးပါက ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေး ပိုမိုအဆင်ပြေချောမွေ့လာမည်ဖြစ်ပြီး ကျေးလက်နေပြည်သူများအနေဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm