Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျိုင်းတုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ရေရရှိရေလုပ်ငန်းများဆောင်ရွက်လျက်ရှိ


20 Jun,2022

ကျိုင်းတုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ရေရရှိရေလုပ်ငန်းများဆောင်ရွက်လျက်ရှိ

 

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် ကျိုင်းတုံ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် မိုင်းခွန်ကျေးရွာအုပ်စု၊ ဝိန်းကျောက်ကျေးရွာတွင် ကျေးရွာရေရရှိရေးလုပ်ငန် ဆောင်ရွက်နေမှုအခြေအနေများကို ဇွန် ၁၉ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနဦးစီးမှူး ဦးမျိုးမင်းသန့်နှင့် တာဝန်ရှိသူများက ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၉၂ ဒသမ ၈၇၈ သန်းဖြင့် ဝိန်းကျောက်ကျေးရွာတွင် ကျေးလက်ရေရရှိရေးအတွက် စိမ့်စမ်းရေသွယ်ယူခြင်း (၃/၀)မိုင် နှင့် ဆက်စပ်လုပ်ငန်းကိုလည်းကောင်း၊ ကျေးရွာတွင်း ရေဖြန့်ဝေပိုက်လိုင်းသွယ်တန်းခြင်း (၂/၀)မိုင် နှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

ဝိန်းကျောက်ကျေးရွာတွင် ကျေးလက်ရေရရှိရေးနှင့် ဆက်စပ်လုပ်ငန်းများကို တင်ဒါအောင်မြင်သော ရဲစံကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက သန့်ရှင်းသော သောက်ရေ၊ သုံးရေများ ဖူလုံစွာရရှမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm