Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပဲခူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်ထောင်စုရန်ပုံငွေဖြင့်ဆောင်ရွက်သည့် အေးရွာကျေးရွာ ကုန်ထုတ်လမ်း ကွန်ကရစ်ခင်းခြင်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခြင်း


24 Nov,2023

 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်သည့် ကျောက်တန်းကျေးရွာအုပ်စု အေးရွာကျေးရွာ ကုန်ထုတ်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ပဲခူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဆန်းမင်း၊ မြို့နယ်ဦးစီးမှူး နှင့် အဖွဲ့မှ နိုဝင်ဘာလ(၂၁)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပဲခူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးမှ အေးရွာကျေးရွာ ကျေးရွာကုန်ထုတ်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို    ကြည့်ရှုစစ်ဆေးပြီး ကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာကုမ္ပဏီတာဝန်ခံနှင့် တွေ့ဆုံခဲ့ရာ ခရိုင်ဦးစီးမှူးမှ လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်ရန်တာဝန်ရှိသူများကို ဆွေးနွေးမှာကြားပါသည်။

ဆက်လက်၍ ပဲခူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ ကုန်ထုတ်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား အေးရွာကျေးရွာသူ၊ ကျေးရွာသားများမှ ဝိုင်းဝန်းကူညီပံ့ပိုး ဆောင်ရွက်ပေးစေလိုကြောင်း၊ လုပ်ငန်းများသတ်မှတ်ချိန် ကာလအတွင်း ပြီးစီးနိုင်ရေး ကြိုးစားဆောင်ရွက်ပေးသွားရန် ကုမ္ပဏီတာဝန်ခံအား မှာကြားခဲ့ပါသည်။

အေးရွာကျေးရွာ ကျေးရွာကုန်ထုတ်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုမှာ လမ်းအရှည် ၅၀၈၀ပေ၊ အကျယ် ၁၂ပေ၊ အမြင့် ၈လက်မရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ပြည်ထောင်စုရန်ပုံငွေဖြင့် နိုဝင်ဘာ ပထမအပတ်တွင်စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အဆိုပါဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်းဖြင့် ကျေးရွာ၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတို့တွင် ပိုမိုထိရောက်စွာ အကျိုးပြုစေမည်ဖြစ်ပါကြောင်း၊ ဒေသထွက်ကုန်ပစ္စည်းများတင်ပို့ရောင်းချရာတွင် အချိန်တိုအတွင်း မြန်ဆန်စွာ တင်ပို့ ရောင်းချနိုင်မည်ဖြစ်ပါကြောင်းနှင့် အိမ်ခြေ (၅၇၀)၊ လူဦးရေ (၂၄၉၄)ဦးနှင့် လယ်ဧက (၁၇၀၀)ကျော်အား အကျိုးပြုစေမည် ဖြစ်ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm