Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကော့မှူးမြို့နယ်ဘုရားနီကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်နေမှု စစ်ဆေး


23 Nov,2023

ရန်ကုန်တိုင်းဒေသကြီး တွံ့တေးခရိုင် ကော့မှူးမြို့နယ် ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာနက ဘုရားနီကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဖြင့် ကျေးရွာတွင်း ကွန်ကရစ်ခင်းခြင်းဆောင်ရွက်နေမှုကို နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ  ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ကိုလတ် ၊ မြို့နယ်စီမံကိန်းတာဝန်ခံ ဦးကျော်ညီညီထွန်း နှင့် တာဝန်ရှိသူများက ဘုရားနီကျေးရွာတွင် ကျေးရွာတွင်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး  မြို့နယ်ဦးစီးမှူးက သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီဝင်များကို မှာကြားခဲ့သည်။

          ကော့မှူးမြို့နယ်ဘုရားနီကျေးရွာတွင်လမ်းအရှည် ၈၆၅ပေ၊ အကျယ်ရှစ်ပေ၊ အမြင့်ခြောက် လက်မ ရှိ ကျေးရွာတွင်းကွန်ကရစ်ခင်းခြင်းကို ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေ ၁၅ သန်း၊ ပြည်သူထည့်ဝင်ငွေ ၁.၅ သန်း၊ စုစုပေါင်း၁၆.၅ သန်း ဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု၊ ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် ယခုနှစ် နိုဝင်ဘာဒုတိယပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအထိ လုပ်ငန်းများ ၅၀ ပြီးစီးပြီ ဖြစ်ကြောင်း အဆိုပါလုပ်ငန်းများရာနှုန်းပြည့်ပြီးစီးပါက ကျေးရွာနေပြည်သူများ ရာသီမ‌ရွေး သွားလာ အသုံးပြုနိုင်မည် ဖြစ်ကြောင်းသိရပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm