ငပုတော နိုဝင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၈၆ သန်းဖြင့် အုန်းပင်စု-သက္ကယ်ချောင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသည်။
ကွန်ကရစ်လမ်း ရေရှည်တည်တံ့ကောင်းမွန်စေရန်အတွက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ယနေ့နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ထိန်းသိမ်းရေး) ဦးနေဦး၊ တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးမင်းသိန်း၊ ပုသိမ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မင်းသူတို့က ကွင်းဆင်းစစ်ဆေး၍ အရည်အသွေးပြည့်မီစွာဖြင့် လုပ်ငန်းအချိန်မီ ပြီးစီး ရေးတို့ကို လိုက်လံကြည့်ရှုကာ လိုအပ်သည်များ မှာကြားသည်။
အဆိုပါလမ်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာအုပ်စုနှစ်အုပ်စုအတွင်းရှိ ကျေးရွာခုနစ်ရွာ၊ အိမ်ခြေ ၇၅၁ အိမ်နှင့် လူဦးရေ ၃၇၁၅ ဦးအား များစွာအကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်