ပန်းတနော် နိုဝင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်အတွင်းရှိ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းတံတားလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)နေပြည်တော် ဒုတိယညွှန်ကြားရေးမှူးချုပ်(ထိန်းသိမ်းရေး) ဦးနေဦးက ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ပန်းတနော်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ပိန်းချောင်း-ဇရပ်လှကြီး-စံကျ-အစုကြီးလမ်း ကွန်ကရစ်ခင်းခြင်း၊ ပဆငလမ်းမှ ဆုတောင်းပြည့် အိမ်မဲလမ်းသို့ ဆက်သောလမ်း ကွန်ကရစ်ခင်းခြင်း၊ ထွန်းပအရှေ့စု-ပျဉ်ဘိုး-ကူးတို့ဆိပ်-ထွန်းပတောင်-ထွန်းပမြောက်-မယ်လမ်းပျော်လမ်း ကျောက်ချောခင်းခြင်းနှင့် မတ်-နွေလမ်းစု-မွေ့ပင်-တော်တရလေး လမ်းပေါ်ရှိ တံတားတည်ဆောက်ခြင်းလုပ်ငန်းများကို သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ပန်းတနော်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) တာဝန်ခံ ဒေါ်စုမြတ်မွန်နှင့် မအူပင်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်အေးနန္ဒာစိုးတို့က လမ်းခင်းခြင်းဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ကုမ္ပဏီများ၏ လမ်းတာဝန်ခံအင်ဂျင်နီယာများကလည်း မိမိတို့တာဝန်ယူဆောင်ရွက်ရသော လမ်း/တံတားလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် (ထိန်းသိမ်းရေး) ဦးနေဦးက လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီစေရေး အလေးထားဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်