Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး လယ်ဝေးမြို့နယ် ရုရှားသဘာဝ မြေဩဇာအသုံးပြု၍ ဆင်းသုခမိုးစပါး ရက်(၁၂၀) တစ်ဧကစမ်းသပ်စံပြကွက် ရိတ်သိမ်းနေမှု ကြည့်ရှုစ်စစ်ဆေး


24 Nov,2023

နေပြည်တော် နိုဝင်ဘာ ၂၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းတို့သည် ယနေ့ နေ့လယ်ပိုင်းက အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ကရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေး မြို့နယ် ရေအိုးစင်ကျေးရွာတွင် ရုရှားသဘာဝမြေဩဇာအသုံးပြု၍ စမ်းသပ်စိုက်ပျိုး ထားသည့် တောင်သူ ဒေါ်သက်၏ ဆင်းသုခမိုးစပါးရက်(၁၂၀) တစ်ဧက စမ်းသပ်စံပြကွက် ရိတ်သိမ်းနေမှု အခြေအနေများကို  ကြည့်ရှုစစ်ဆေးပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်၊ ရေအိုးစင်ကျေးရွာသို့ရောက်ရှိပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ သမဝါယမအသင်းသားတောင်သူများ၊ ကျေးရွာရပ်မိရပ်ဖများနှင့် တွေ့ဆုံရာ တိုင်းဒေသကြီး သမဝါယမဦးစီးမှူးက လုပ်ငန်းများဆောင်ရွက်မှု အခြေအနေများအားလည်းကောင်း၊ ဆည်မြောင်း နှင့် ရေအသုံးချရေး စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများက နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေရရှိရေး အစီအစဉ်များအားလည်းကောင်း ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးက ရှရှားသဘာဝမြေဩဇာ အားဖြည့်ဆေးရည် အသုံးပြုခြင်း အားဖြင့် တစ်လီတာကို စိုက်ပျိုးမြေဧက ၆ ဧကအထိသုံးပြုနိုင်မှာဖြစ်ပြီး ကုန်ကျစရိတ်အနေဖြင့် မြန်မာငွေကျပ် ၉၀၀၀ ခန့်သာကျသင့်မှာဖြစ်ကြောင်း၊ တစ်ဧကအတွက်လျှင် ဆေးရည် ၁၈၀ မီလီ လီတာ အသုံးပြုပါက ကုန်ကျစရိတ်အနေဖြင့် မြန်မာငွေကျပ် ၃၀၀၀ ခန့်သာကျသင့်မှာဖြစ်ကြောင်း၊ သဘာဝမြေဩဇာအားဖြည့်ဆေးရည် အသုံးပြုခြင်းအားဖြင့် ပုလဲဓါတ်မြေဩဇာ အသုံးပြုမှုကို ၃၀ ရာခိုင်နှုန်းအထိ လျော့ချအသုံးပြုနိုင်မှာဖြစ်သည့်အတွက် ကုန်ကျစရိတ်များ သက်သာသွားမှာဖြစ် သကဲ့သို့ မြေဆီလွှာပျက်စီးမှုကိုလည်း လျော့ချနိုင်မှာဖြစ်ကြောင်း၊ ဆက်လက်၍ အထွက်တိုး စပါးမျိုး များ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များ ချိတ်ဆက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သဘာဝမြေဩဇာအားဖြည့်ဆေးရည်များ လုံလောက်စွာ ရရှိရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ကရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့နှင့် ပူးပေါင်း၍ သဘာဝမြေဩဇာစက်ရုံတည်ဆောက်ရေးလုပ်ငန်းများကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ပဲခူး၊ မကွေး၊ မန္တလေးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင်  ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသင်းသား တောင်သူများအနေဖြင့် သဘာဝမြေဩဇာဆေးရည်များ အသုံးပြုမည်ဆိုပါက စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့နှင့် ချိတ်ဆက်၍ စနစ်တကျ စမ်းသပ်အသုံးပြုဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားပြီးနောက် ကျေးရွာတောင်သူများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပါ သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် လယ်ဝေးမြို့နယ် ရေအိုးစင် ကျေးရွာတွင် ရုရှားသဘာဝမြေဩဇာအသုံးပြု၍ စမ်းသပ်စိုက်ပျိုးထားသည့် တောင်သူ ဒေါ်သက်၏ ဆင်းသုခမိုးစပါး ရက်(၁၂၀) တစ်ဧက စမ်းသပ်စံပြကွက် ရိတ်သိမ်းနေမှု အခြေအနေများကိုကြည့်ရှု အားပေးခဲ့ကြောင်း သိရှိရပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm