နေပြည်တော်၊ နိုဝင်ဘာ ၂၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန(ရုံးချုပ်) အနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း(၇)ခုအနက်မှ ဒေသတစ်ခုထုတ်ကုန်တစ်ခု ဆောင်ရွက်မည့်စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်မည့် ဇေယျာသီရိမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ ဝဲကြီးကျေးရွာတွင် စားသောက်ကုန်လုပ်ငန်းလုပ်ကိုင်မည့်သူ(၁၅)ဦးအား ခရမ်းချဉ်သီးအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်ကြားပေးရန်အတွက် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)၊ ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျေးရွာမှ ရပ်မိရပ်ဖများနှင့် လုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် လုပ်ငန်းဆောင်ရွက်မည့်သူများ တက်ရောက်ခဲ့ပါသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး စီမံကိန်းလုပ်ငန်း လုပ်ကိုင်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်က စီမံကိန်းလုပ်ငန်းကော်မတီကိုယ်စား အဖွဲ့ခေါင်းဆောင်အား စီမံကိန်းဝတ်စုံများ ပေးအပ်ခဲ့ပါသည်။
အဆိုပါကျေးရွာတွင် ခရမ်းချဉ်သီးအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာအား လုပ်ငန်းထူထောင်နိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်နိုင်ရေးအတွက် သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ်လုပ်ငန်းထူထောင်မည့် ထူးချွန် သင်တန်းသား(၅)ဦးအား သတ်မှတ်ချက်နှင့်အညီရွေးချယ်ပြီး တစ်ဦးလျှင် ငွေကျပ်(၁၀)သိန်းနှင့် ညီမျှသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးစက်ပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်