သဲကုန်း နိုဝင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆင်းသွယ်လတ် မိုးစပါးများ စိုက်ပျိုးထားရှိရာ သီးကုန်းကျေးရွာ ရောင်ခြည်ဦးစိုက်ပျိုးရေးနှင့်အထွေထွေ သမဝါယမအသင်းလီမိတက်မှ အသင်းသား ၅ ဦး၏ စိုက်ဧက ၄၆ ဧက၊ ကရင်ကုန်းကျေးရွာ စိမ်းရောင်စိုစိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းလီမိတက်မှ အသင်းသား ၇ ဦး၏ စိုက်ဧက ၄၆ ဧကနှင့် ကျောက်စိမ်းရောင်စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းလီမိတက်မှ အသင်းသား ၆ ဦး၏ စိုက်ဧက ၃၅ ဧကတို့မှ မိုးစပါးများရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် စပါးတင်း ၈၀ အသီးသီး ထွက်ရှိခဲ့သည်။
ထို့ပြင် ဆင်းသွယ်လတ်မိုးစပါးစိုက်ပျိုးထားသည့် ကရင်ကုန်းကျေးရွာ ပုလဲမွှေးစိုက်ပျိုးရေး နှင့်အထွေထွေသမဝါယမအသင်းလီမိတက်မှ အသင်းသား ၈ ဦး၏ စိုက်ဧက ၅၅ ဧကကို ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် ၈၅ တင်း ထွက်ရှိကြောင်းနှင့် အိုင်းကုန်းကျေးရွာ သဇင်ပန်းအထွေထွေ စီးပွားရေးသမဝါယမအသင်းလီမိတက်မှ အသင်းသား ၁၀ ဦး၏ စိုက်ဧက ၅၈ ဧကကို ရိတ်သိမ်း ရာတွင် တစ်ဧကလျှင် စပါး ၈၄ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်