မြစ်ကြီးနား နိုဝင်ဘာ ၂၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ပံ့ပိုးငွေဖြင့် မော်ဖောင်း(၁)ကျေးရွာရှိ ငါးအိုးစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်မှ အသင်းသားတောင်သူ ဦးချစ်ရွှေပိုင် လယ် ၁၈ ဧကတွင် GW-11 စပါးမျိုး ၅ ဧက စံကွက် ရိတ်သိမ်းမှုအခြေအနေကို နိုဝင်ဘာ ၂၀ ရက်နေ့က ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ချောစုလှိုင်၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီမှ ဦးတိုးတိုးထွန်း၊ ခရိုင်၊ မြို့နယ်အဆင့်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ လိုက်ပါ၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ GW-11 စပါးခင်းများအား စံကွက်ရိတ်သိမ်းမှုများကို ကောင်း၊ သင့်၊ ညံ့ စံကွက်ခွဲ၍ ရိတ်သိမ်းဆောင်ရွက်ခဲ့ရာ တစ်ဧကလျှင် ပျမ်းမျှစပါးတင်း ၁၀၀ မှ ၁၂၀ ကြား ထွက်ရှိကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်