အောင်လံ နိုဝင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် သပြေပင်ကျေးရွာအုပ်စု၊ သပြေပင်ကျေးရွာ၌ မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို နိုဝင်ဘာလ ၂၃ နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီနှင့် ဝန်ထမ်းများက ကျေးရွာစီမံကိန်းတာဝန်ခံများနှင့်အတူ သပြေပင်ကျေးရွာ၌ မြေထိန်းနံရံတည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာစီမံကိန်း ကော်မတီဝင်များအနေဖြင့် စီမံကိန်းလုပ်ငန်းကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီ ပြီးစီးနိုင်ရေး ဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားသည်။
အဆိုပါ မြေထိန်းနံရံအရှည် ၃၀ပေ တည်ဆောက်ခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းရန်ပုံငွေေကျပ် ၁၅၀ သိန်း ရင်းနှီးမြှုပ်နှံပြီး၊ ကျေးရွာပြည်သူထည့်ဝင်ငွေကျပ် ၇၇၀၀၀၀ စုစုပေါင်း ငွေကျပ် ၁၅၇၇၀၀၀၀ဖြင့် မြို့နယ်စီမံကိန်းတာဝန်ခံ ဝန်ထမ်းများ၊ အင်ဂျင်နီယာဝန်ထမ်းများ၏ ကြီးကြပ်မှု၊ နည်းပညာပံ့ပိုးမှုတို့ဖြင့် ကျေးရွာသူ/သားများကိုယ်တိုင် အောက်တိုဘာလ ဒုတိယအပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၈၀ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
အဆိုပါ လုပ်ငန်းပြီးစီးပါက ကျေးရွာ၌ ရေတိုက်စားခြင်းကြောင့် ကမ်းပါးပြိုကျမှုဒဏ်မှ ကင်းဝေးစေခြင်း၊ စုပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓါတ်များ ယခင်ကထက် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီထံမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်