ညောင်ဦး နိုဝင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းဇော်ဦးနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းအောင်တို့သည် ညောင်ဦးမြို့နယ်သမဝါယမဦးစီးအရာရှိ၊ ဝန်ထမ်းများနှင့်တွေ့ဆုံကာ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိဆောင်ရွက် နေသော လုပ်ငန်းစဉ်များအား အသေးစိတ်ရှင်းလင်းဆောင်ရွက်ပြီး လောကနန္ဒာမြစ်ရေတင်မှ နတ်ကြို့အိုင်ကျေးရွာရှိ သမဝါယမအသင်းအား စံပြနမူနာအဖြစ် ဆောင်ရွက်ရန်နှင့် ကန်ထရိုက် လယ်ယာစနစ်အဖြစ် အောင်မြင်အောင် ဆောင်ရွက်ရန် နိုဝင်ဘာ ၂၀ ရက်နေ့က မြို့နယ်သမဝါယမရုံး တွေ့ဆုံပွဲတွင် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဦးစီးမှူးနှင့်တာဝန်ရှိသူများသည် မြို့နယ်သမဝါယမအသင်းစု အမှုဆောင်များနှင့် တွေ့ဆုံ၍ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစိတ်လမ်းညွှန်မှုများ မှာကြားခဲ့ပြီး မြို့နယ်သမဝါယမအသင်းစုပိုင် အနော်ရထာဆီစက်မှ ပဲဆီထုတ်လုပ်မှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား အသေးစိတ် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဒီပါလင်း
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်