Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပူတာအိုဒေသ ရေခဲတောင်ခြေ မုန်လန်ဝမ်တုန်ဒေသရှိ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်အတွက် သဘဝဆိုးဆေးသင်တန်းဖွင့်လှစ်ပို့ချပေးလျက်ရှိ


20 Jun,2022

မြစ်ကြီးနား၊ ဇွန် ၂၀

          မြစ်ကြီးနားရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှ ပူတာအိုခရိုင် မုန်လန်ဝမ်တုန် ဒေသတွင် ခရီးသွားဧည့်သည်များ အများအပြား လာရောက်ကြသဖြင့် ခရီးသွားအမှတ်တရ သဘာဝ ဆိုးဆေး ရိုးရာအထည်များ၊ ခြုံထည်တဘက်နှင့် အမှတ်တရအင်္ကျီများ ရက်လုပ်ပြီး ရောင်းချခြင်းဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် သဘာဝဆိုးဆေးသင်တန်းကို ယနေ့ နံနက်၉နာရီ က အဆိုပါ သင်တန်းကျောင်း၌ ဖွင့်လှစ်သည်။

          သင်တန်းဖွင့်ပွဲသို့  မြစ်ကြီးနားခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်၊ မြစ်ကြီးနားရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီး၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများ တက်ရောက်ကြပြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်က အဖွင့်အမှာစကားပြောကြားသည်။

          သင်တန်းတွင် သဘာဝ သစ်သီး၊ သစ်ခေါက်၊ သစ်ရွက်များဖြင့် ဆေးဆိုးနည်း၊ ချိပ်ဖြင့်ဆေးဆိုးနည်းနှင့် ထမင်းဝါဖြင့် ဆေးဆိုးနည်းသင်တန်းတို့ကို ပူတာအိုခရိုင် ရေခဲတောင်ခြေ မုန်လန်ဝမ်တုန် ဒေသရှိ ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများအား သင်ကြားပို့ချပေးနေကြောင်း သိရသည်။

          ယခုဖွင့်လှစ်ပို့ချပေးနေသာ သင်တန်းကို သဘာဝဆိုးဆေးဖြင့် ထုတ်လုပ်သော ထုတ်ကုန် အမယ်သစ်များ ပေါ်ပေါက် လာစေရန်၊ သဘာဝဆိုးဆေးဖြင့် ရက်လုပ်ထားသော အဝတ်အထည်များကို ဝတ်ဆင်ခြင်းဖြင့် ကျန်းမာရေး အထောက်အကူဖြစ်စေရန်၊ ကချင်ရိုးရာဒီဇိုင်းများကို သဘာဝဆိုးဆေးဖြင့် နိုင်ငံခြား ဈေးကွက်ဝင်တန်ဖိုးမြှင့် ထုတ်ကုန်များ ပေါ်ပေါက်လာစေရန်နှင့် မိသားစုဝင်ငွေများ တိုးပွားလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။ 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm