နေပြည်တော် နိုဝင်ဘာ ၂၂
၂၀၂၃ ခုနှစ်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ဒုတိယ အကြိမ် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ တပ်ကုန်းမြို့လယ်သာသနာ့ဝေပုလ္လ စာသင်တိုက်၊ ဘဒ္ဒန္တဩဘာသ အမှူးပြုသော ဆရာတော်အရှင်သူမြတ် (၉) ပါး ကြွရောက်တော်မူ ကြပြီး၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်ဇနီး ဒေါ်ကြည်ကြည်မေ၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်သည်။
ရှေးဦးစွာ နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကိုဖွင့်လှစ်ပြီး သံဃာတော်အရှင်သူမြတ်တို့အား ဩကာသ ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကာ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တကွ ဧည့်ပရိတ်သတ်အပေါင်းတို့က သံဃာတော်အရှင်သူမြတ်များ ရွတ်ပွား သရစ္ဇျယ်တော်မူသော ပရိတ်တရားတော်များကို နာယူကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်ဇနီး ဒေါ်ကြည်ကြည်မေ၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက သံဃာတော်အရှင်သူမြတ်တို့ထံ ကထိန် သင်္ကန်းနှင့်တကွ ဒါတဗ္ဗဝတ္ထုအစုစုတို့အား အသီးသီးဆက်ကပ် လှူဒါန်းကြပြီး ဆရာတော် အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာကြား၍ ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ယင်းနောက် ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်း ခဲ့ပြီး သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းသည်။
၂၀၂၃ ခုနှစ်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ဒုတိအကြိမ် စုပေါင်းမဟာဘုံကထိန်တွင် အလှူတော်ငွေကျပ် (၁၁,၃၁၃,၃၀၀)၊ လှူဖွယ်ဝတ္ထုပစ္စည်းတန်ဖိုး ကျပ် (၆,၄၃၉,၇၅၀) နှင့် အခြားလှူဖွယ်ပစ္စည်းများ တန်ဖိုးကျပ် (၁၇,၇၅၃,၀၅၀) စုစုပေါင်းငွေကျပ်တန်ဖိုး (၂၀,၉၁၁,၀၅၀) အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။