Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးရွာစွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်အသိပညာပေး


22 Nov,2023

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် ၊ ကမာချောင်းကျေးရွာအုပ်စု၊ အေးချမ်းမြိုင်-၁ ကျေးရွာ၌ ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာန(လန်ပိအဏ္ဏဝါဥယျာဉ်) တို့ ပူးပေါင်း၍ ကျေးရွာစွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု စနစ်အကြောင်း အသိပညာပေးခြင်းကို နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါကျေးရွာ၌ ကျင်းပကြောင်းသိရသည်။

          ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဘုတ်ပြင်းခရိုင် ဦးစီးမှူး၊ ဦးသန်းထွန်းဦးက အမှာ စကားပြောကြားပြီး ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာန(လန်ပိအဏ္ဏဝါဥယျာဉ်)တာဝန်ခံ ဦးကြည်ဦးက ကျေးရွာ အတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် ပလတ်စတစ်ညစ်ညမ်းမှုလျော့ချရေး အကြောင်းအရာများကို အသိ ပညာပေးဆွေးနွေးသည်။

          ထို့နောက် ဘုတ်ပြင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဒေါ်အေးသက်သက်ခိုင်က ကျေးရွာစွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ လည်းကောင်း၊ဘုတ်ပြင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းဖြိုးက ကျေးရွာအဆင့် ခေါင်းဆောင်မှုနှင့် ပတ်သက်၍ လည်းကောင်း၊ အသိပညာပေးဆွေးနွေးပြီး တာဝန်ရှိသူများက ကျေးရွာပြည်သူများနှင့်အတူ ရွာလုံးကျွတ်အမှိုက်ကောက်ခြင်း ကို ဆောင်ရွက်ကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm