သရက် နိုဝင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး သရက်ခရိုင် သရက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန က ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် ကွမ်းအုံ ကျေးရွာ၌ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ ကို နိုဝင်ဘာ ၂၁ ရက်နေ့ နေ့လည်ပိုင်း က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ ကှငျးဆငျးစစျဆေးရာတှငျ မွို့နယျတညျဆောကျရေးကောျမတီဥက်ကဌ ဦးချမ်းငြိမ်းအေး နှင့်အဖွဲ့ဝင်များ၊သရက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်း နှင့် မြို့နယ် တာဝန်ခံ အင်ဂျင်နီယာများက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ ကွမ်းအုံ ကျေးရွာ ၌ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြငျးလုပျငနျး ဆောငျရှကျနမှေုအခွအေနမြေားကို ကွညျ့ရှုစစျဆေးပွီး မွို့နယျတညျဆောကျရေးကောျမတီဥက်ကဌ ဦးချမ်းငြိမ်းအေး နှင့်အဖွဲ့ဝင်များက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရန်မှာကြားခဲ့ပြီး ကျေးရွာ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ကွမ်းအုံ ကျေးရွာ၌ အရှည် ပေ ၅၃၅ ၊ အကျယ် ၁၂ ပေ၊ ထု ခြောက်လက်မ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို VDP စီမံကိန်း ပံ့ပိုးငွေကျပ် သိန်း ၁၅၀ ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာ ပံ့ပိုးမှု၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီ၏ စီမံခန့်ခွဲမှုဖြင့် ယခုနှစ် အောက်တိုဘာလ ပထမပတ်က စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းဆောင်ရွက်မှုမှာ ၉၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်း ထံမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်