ကံမ နိုဝင်ဘာ ၂၁
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ကံမမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ကွပ်ကဲမှုအောက်တွင် တင်ဒါအောင်ကုမ္ပဏီက ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၄၅ ဒသမ ၂၅၅ သန်းဖြင့် တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ထန်းတပင်-အလယ်လမ်း (၁/၂)မိုင် မြေသား တာပေါင်ချဲ့၍ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းကို လမ်းနယ် အကျယ်ရရှိရေးနှင့် လုပ်ငန်းများအရည်အသွေးပြည့်မီပြီး အမြန်ဆုံး ဆောင်ရွက်ပြီးစီးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး၊ မဟာဝိသကြုံကုမ္ပဏီက တာဝန်ခံများ လမ်းဘေးဝဲယာရှိ တောင်သူများဖြင့် ကွင်းဆင်းကြည့်ရှ၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါ လမ်းကိုဆောင်ရွက်ပေးခြင်းဖြင့် ကျေးရွာနှစ်ရွာမှ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စများအတွက် အမြန်ဆုံး ဆက်သွယ်သွားလာနိုင်မည်ဖြစ်သည့်အပြင် ကျေးလက်ဒေသဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက်နှင့် မြို့ပြကွာဟမှု လျှော့ချနိုင်ရေးကိုပါ အထောက်အကူပြုနိုင်မည်ဖြစ်သည်။
၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံရှိ ကျေးရွာအားလုံး၏ ၈၀ ရာခိုင်နှုန်း နှင့် နိုင်ငံတွင်းရှိ ကျေးလက်လူဦးရေ၏ ၉၀ ရာခိုင်နှုန်း ကို ရာသီမရွေး သွားလာနိုင်သော ကျေးလက်လမ်းများအဖြစ် အသုံးပြုနိုင်ရန် ရေးဆွဲထားသည့် ကျေးလက်လမ်းဖွံ့ဖြိုးရေး မဟာဗျူဟာအရ နှစ်စဉ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ဇော်ဘီ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်