Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေလွှဲပြောင်းပေးအပ်


21 Nov,2023

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) စတင်အကောင်အထည် ဖော်ဆောင်ရွက်မည့် ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို နိုဝင်ဘာလ ၁၄ ရက်နံနက်ပိုင်းတွင် အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) စတင်အကောင်အထည်ဖော် ဆောင်ရွက်မည့် ကြိုက်မန်းထော်ကျေးရွာ၊ သရက်ကုန်းကျေးရွာ၊ ရွှေနားကွင်း(အနောက်)ကျေးရွာ၊ ရေနက်လမ်းဝင်(အနောက်)ကျေးရွာ၊ သစ်ခေါင်းကြီးကျေးရွာ၊ ချောင်းကျိုး ကျေးရွာ၊ သမ္ဘန်ကျော်(အထက်စု)ကျေးရွာ၊ ရေကုန်စုကျေးရွာ၊ စိန်စပ်ကျေးရွာ၊ ကုက္ကိုလ် ကုန်းကျေးရွာ၊ ရွှေမြိုင်သာယာကျေးရွာ၊ ကျွဲပုန်း(မြန်မာစု)ကျေးရွာ၊ လဟာမငယ်ကျေးရွာ၊ဒင်းမဲကုန်း ကျေးရွာနှင့် သာရဝေါကျေးရွာတို့အား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းဖြစ်သည်။အခမ်းအနားတွင် တိုက်ကြီးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဦးစီးမှူး ဒေါ်လဲ့လဲ့မွန်က အမှာစကားပြောကြားပြီး တိုက်ကြီးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဥမ္မာရွှေက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးက ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အဖွဲ့ဝင်များထံသို့ ရန်ပုံငွေကျပ် သိန်း ၁၅၀ စီကို စနစ်တကျ လွှဲပြောင်းပေးအပ်ပြီး နိုင်ငံတော်ပံ့ပိုးငွေကျပ်သိန်း ၂၂၅၀ နှင့် ပြည်သူ့ထည့်ဝင်ငွေကျပ်သိန်း ၄၅၀ စုစုပေါင်းငွေကျပ်သိန်း ၂၇၀၀ဖြင့် စီမံကိန်းလုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm