Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ခရမ်းမြို့နယ်တွင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး


21 Nov,2023

ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထားထားနိုင်နှင့်  ဝန်ထမ်းအဖွဲ့တို့သည်  နိုဝင်ဘာ ၁၆ရက်     နံနက်၁၀နာရီက ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်  တိုင်းဒေသကြီးရန်ပုံငွေကျပ် ၁၃၃ဒသမ၉၆သိန်းဖြင့် ရွှေရည်သန့်ကုမ္ပ ဏီက တာဝန်ယူဆောင်ရွက်လျက်ရှိသည့်     ကံကုန်းကျေးရွာ၌    သန့်ရှင်းသောသောက်သုံးရေ ရရှိစေရန်  ပေ (၁၆၀၀×၅)  ရေကန်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို စစ်ဆေးခဲ့ သည်။

ထို့ပြင် ညောင်လန်းကျေးရွာ၌ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် နိုင်ငံတော်ထောက်ပံ့ငွေကျပ်သိန်း၁၅၀၊      ပြည်သူထည့်ဝင်ငွေကျပ် ၁၅သိန်း    စုစု ပေါင်းကျပ် ၁၆၅သိန်းဖြင့် ကျေးရွာတွင်းပြည်သူများ  သွားလာရေးအဆင်ပြေစေရန် (၈၄၅'×၈'× ၆'')   ရွာတွင်း   ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊    ရေကျော်ကျေးရွာ၌ ‌       ကျေးရွာဖွံ့ဖြိုးတိုး တက်‌ရေးလုပ်ငန်းစီမံ ကိန်း (VDP)ဖြင့် နိုင်ငံတော်ထောက်ပံ့ငွေကျပ်သိန်း၁၅၀၊ ပြည်သူထည့်ဝင် ငွေကျပ်  ၂၃သိန်း  စုစုပေါင်းကျပ် ၁၇၃သိန်းဖြင့်  (၁၁၅၀'×၆'×၆'')ကျေးရွာတွင်း      ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းတို့ကိုစစ်ဆေးခဲ့ပြီး  စံချိန်စံညွှန်းပြည့်မီစေရေး     သတ်မှတ်ရက်ပြီးစီးစေ ရေးတာဝန်ရှိသူများအား  မှာကြားခဲ့ကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm