Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နေပြည်တော်၌ အခြေခံဗီဒီယိုရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်းနှင့် ပရိုဂရမ်ရေးဆွဲနည်းသင်တန်းဖွင့်လှစ်ပို့ချ


21 Nov,2023

နေပြည်တော် နိုဝင်ဘာ ၂၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဝန်ထမ်းများ စွမ်းဆောင်ရည်များ ယခင်ကထက်ပိုမို တိုးတက် လာစေရန်နှင့် ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ချက်များအား အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်းရေး နိုင်ငံပိုင် သတင်းစာနှင့် ရုပ်မြင်သံကြားသတင်းများတွင် ဖော်ပြနိုင်စေရေးနှင့် သတင်းတု သတင်းမှားများကို အမြန်ဆုံးတုန့်ပြန်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အခြေခံ ဗီဒီယိုရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်းနှင့် ပရိုဂရမ်ရေးဆွဲနည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၀-၁၁-၂၀၂၃)ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ် (၃၆)၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က အခြေခံ ဗီဒီယိုရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်းနှင့် ပရိုဂရမ်ရေးဆွဲနည်းသင်တန်းကို မိမိတို့ ဦးစီးဌာနဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ ယခင်ကထက်ပိုမိုတိုးတက်လာစေရန်နှင့် ဦးစီးဌာန၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ချက်များအား အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်းရေး နိုင်ငံပိုင် သတင်းစာနှင့် ရုပ်မြင်သံကြားသတင်းများတွင် ဖော်ပြနိုင်စေရေးနှင့် သတင်းတု သတင်းမှားများကို အမြန်ဆုံး တုန့်ပြန်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ဝန်ထမ်းများအနေဖြင့် စနစ်တကျလေ့လာသင်ယူကြစေလိုကြောင်း လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချ ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ သင်တန်းနည်းပြပြများက  သင်တန်းတွင်ပို့ချမည့် ဘာသာရပ်ဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး တင်ရောက်လာသည့် သင်တန်းသား သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ကြပါသည်။

အဆိုပါ  အခြေခံ ဗီဒီယိုရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်းနှင့် ပရိုဂရမ်ရေးဆွဲနည်းသင်တန်းကို ပြည်ထောင်စုဝန်ကြီးရုံး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ သင်တန်းသား သင်တန်းသူ (၁၅)ဦး တက်ရောက်ကြီပြီး သင်တန်းကို နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ ငါးရက်ကြာ သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm