Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးသည့်မိုးစပါးများ စတင်ရိတ်သိမ်း


20 Nov,2023

ပဲခူး နိုဝင်ဘာ  ၂၀

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ် လက်ပံပင်ကျေးရွာရှိ လက်ပံပင်စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသား ၈၄ ဦး ၏ စိုက်ဧက ၇၀၁ ဧကနှင့် တောင်ပို့သာယာစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသား ၃၈ ဦး၏ စိုက်ဧက ၂၉၉ ဧကတို့ပေါ်တွင် ဆင်းသုခ၊ ရတနာတိုး၊ GW-7 နှင့် GW-11 မိုးစပါးများကို စိုက်ပျိုးခဲ့ပြီး ရိတ်သိမ်းချိန်၌ တစ်ဧကအထွက်နှုန်း စပါးတင်း ၈၀ နှုန်း ထွက်ရှိခဲ့သည်။

ထို့ပြင် ကဝမြို့နယ် မကျက်ကြီးကျေးရွာရှိ မကျက်ကြီးစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်း၏ စိုက်ဧက ၁၅၀ ပေါ်တွင် ဆင်းသုခစပါးမျိုးကို စိုက်ပျိုးခဲ့ပြီး ယခုအခါ စပါးများ စတင်ရိတ်သိမ်းနေပြီဖြစ်ရာ တစ်ဧကလျှင် စပါးတင်း ၆၅ တင်း ထွက်ရှိကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm