Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မံပုံကျေးရွာတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်


20 Jun,2022

ဗန်းမော်၊ ဇွန် ၂၀

          ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အခြေခံပြည်သူများ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ယနေ့ နံနက် ၁၀ နာရီတွင် မိုးမောက်မြို့နယ်၊ မံပုံကျေးရွာရှိ RC တိုက်ပွဲရှောင်စခန်း တွင် စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

          အဆိုပါ သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ ဗန်းမော်ခရိုင်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာ ခရိုင်ဦးစီးမှူး၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စခန်းတာ ဝန်ခံများနှင့် သင်တန်း/သူများ တက်ရောက်ကြသည်။

          ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက အဖွင့်အမှာစကားပြောကြားရာတွင် ယခုတိုက်ပွဲရှောင် စခန်းတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်ပေးခြင်းဖြင့် တိုက်ပွဲရှောင်ပြည်သူများ တစ်ပိုင်တစ်နိုင်စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်လာနိုင်ခြင်းဖြင့် မိသားစုဝင်ငွေများ တိုးပွားလာစေရန်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန်နှင့် ပြည်ပမှတင်သွင်းသော လူသုံးကုန်ပစ္စည်းများ လျော့နည်းလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်အောင်စိုးက အိမ်တွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းများအား မှတ်ပုံတင်ပေးခြင်း၊ အခြေခံပြည်သူများ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်စေရန် အသက်မွေးဝမ်းကြောင်းပညာများ သင်ကြားပို့ချ ပေးခြင်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

          ယခု ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော သင်တန်းတွင် ဘက်စုံသုံးဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ရေချိုး ဆပ်ပြာ၊ မျက်နှာသစ်ဆပ်ပြာခဲ၊ လက်ဆေးဆပ်ပြာရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ အဝတ်လျှော်ဆပ်ပြာ ရည်၊ Hand Gel နှင့် Scrub စသည့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်နည်းတို့ကို ဇွန်လ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့ အထိ စာတွေ့ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm