Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်ပန်းတောင်းမြို့နယ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဖြင့် ဆောင်ရွက်သည့် ရေငံကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကွင်းဆင်းစစ်ဆေး


21 Nov,2023

ကျောက်ပန်းတောင်း နိုဝင်ဘာလ ၂၁

          မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ရေငံကျေးရွာအုပ်စု၊ ရေငံကျေးရွာတွင် ကျေးရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ် ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေး ကြောင်းသိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်  ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် တာဝန်ရှိသူများက ရေငံကျေးရွာ ကျေးရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များကို မှာကြားခဲ့ပါသည်။

          အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို နိုင်ငံတော်မှထောက်ပံ့ငွေကျပ်(၁၅.၀၀)သန်း၊ ကျေးရွာ ပြည်သူလူထုမှ ပူးပေါင်းထည့်ဝင်ငွေကျပ် (၄.၅၀)သန်း၊ စုစုပေါင်းငွေကျပ်(၁၉.၅၀)သန်းဖြင့် စက်တင်ဘာလ ဒုတိယအပတ်တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လမ်းအရှည် ၇၅၀ ပေ၊ လမ်းအကျယ် ၁၂ ပေ၊ ထု ၆ လက်မ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ရာ စစ်ဆေးချိန်တွင် (၁၀၀%) ပြီးစီးပြီ ဖြစ်သဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းပြီးစီးပါက လယ်ယာထွက်ကုန်များဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ပြီး အိမ်ခြေ(၂၇၆)အိမ်၊ အိမ်ထောင်စု (၃၂၆)စု၊ လူဦးရေ (၁၇၃၁)ဦး အကျိုးပြု မည်ဖြစ်ကြောင်းသိရပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm