Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေထုတ်ချေးမှု ကွင်းဆင်းစစ်ဆေးနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) လျာထားကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးခြင်း


21 Nov,2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနိုင်မင်းစိုးနှင့် စီမံကိန်းတာဝန်ခံတို့သည်  ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည့်  မြစိမ်းရောင်ကျေးရွာ စီမံကိန်း ယူနစ်(၄၉)ယူနစ် ၊ ကျေးရွာ(၄၉)အနက်မှ သက္ကယ်ချင်းကုန်းကျေးရွာ၌ မြစိမ်းရောင် ကျေးရွာစီမံကိန်း(ဆဌမနှစ်)စက်ဝန်းအတွက် အရင်းမပျောက်လည်ပတ်ရန်ပုံငွေ (၃၈၄)သိန်းအား ကျေးရွာအသင်းသူ/သား (၁၂၅)ဦးထံသို့ ချေးငွေများ လက်ဝယ်အရောက်ထုတ်ချေးဆောင်ရွက်မှုနေအား (၁၇-၁၁-၂၀၂၃) ရက်နေ့တွင် ကွင်းဆင်းကြီးကြပ်၍ စီမံကိန်းရေရှည်တည်တံ့နိုင်ရေးအတွက် လိုအပ်သည်များ မှာကြားခဲ့ပါသည်။

          ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံတို့သည် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ထပ်ထိုး လျာထားရွေးချယ်ထားသည့် ကျေးရွာများဖြစ်သော သက္ကယ်ချင်းကုန်းကျေးရွာနှင့် မင်းကုန်းကျေးရွာများသို့ လက်ရှိမြေပြင်အခြေအနေအား ကွင်းဆင်းစစ်ဆေး၍ ကျေးရွာရပ်မိ/ရပ်ဖများနှင့် တွေ့ဆုံပြီး စီမံကိန်းရရှိလာပါက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ရေးနှင့် လုပ်ငန်းများ အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ရေးအတွက် လိုအပ်သည်များ မှာကြားဆွေးနွေးပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm