Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ထပ်တိုးဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေးခြင်း


21 Nov,2023

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ သနပ်ချောင်းကျေးရွာအုပ်စု၊ မြို့ကွက်ကျေးရွာနေ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ သနပ်ချောင်းကျေးရွာအုပ်စု၊ မြို့ကွက်ကျေးရွာနေ ပြည်သူ များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး နိုဝင်ဘာလ ၁၇ ရက် နံနက်ပိုင်းတွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ထပ်တိုးဆောင်ရွက်ရန် အကြိုကွင်းဆင်းစစ်ဆေးကြောင်း သိရ သည်။တိုက်ကြီးမြို့နယ် မြို့ကွက်ကျေးရွာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်း(VDP)ထပ်တိုးကျေးရွာအဖြစ်ဆောင်ရွက်ရန်ခွင့်ပြုချက်ရရှိပြီးဖြစ်ကြောင်း၊ထိုသို့ ခွင့်ပြုချက်ရရှိသည့်အဆိုပါကျေးရွာသို့ တိုက်ကြီးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဒေါ်လဲ့လဲ့မွန်၊ မြို့နယ်ဦးစီးမှူးဒေါ်ဥမ္မာရွှေနှင့်တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့် ကျေးရွာတွင်းလမ်းအား အကြိုကွင်းဆင်းစစ်ဆေးခြင်းဖြစ်သည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ကျေးရွာနေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကဏ္ဍများနှင့် လမ်းပန်း ဆက်သွယ်ရေးလွယ်ကူချောမွေ့စေရေးတို့အတွက် အလေးထားဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာနေအိမ်ခြေ ၁၃၂ အိမ်၊ လူဦးရေ ၅၉၆ ဦး၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကဏ္ဍများအတွက် များစွာအကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm