Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သရက်ချောင်းမြို့နယ် သရက်တောင်ကြီးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများစစ်ဆေး


20 Nov,2023

သရက်ချောင်း နိုင်ဝင်ဘာ ၂၀

          တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သရက်တောင်ကြီးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းများဆောင်ရွက်နေမှုကို (၁၇-၁၁-၂၀၂၃)ရက်နေ့နံနက် ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

          ထိုသို့ကွင်းဆင်းစစ်‌ဆေးရာတွင် သရက်ချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ထက်၊ စီမံကိန်းတာဝန်ခံ ဒုတိယဦးစီးမှူး ဦးညီညီစိုးနှင့် ဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ သရက်တောင်ကြီးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့်   လုပ်ငန်းများဆောင်ရွက်နေမှု၊ ငွေစာရင်းပုံစံများ စနစ်တကျ ဖြည့်သွင်းထားခြင်းရှိမရှိနှင့် စီမံကိန်းလက်စွဲစာစောင်ပါ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ထားရှိမှု ရှိ/မရှိ ကို ကြည့်ရှု့စစ်ဆေးပြီး မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ထက်က မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများ ရေရှည်တည်တံ့စေရေးအတွက် သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြရန် ဆွေးနွေးမှာ ကြားသည်။

          သရက်တောင်ကြီးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စတင်ဆောင် ရွက်ခဲ့ပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ပဉ္စမအကြိမ်အဖြစ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်အရောင်းအဝယ် လုပ်ငန်း လုပ်ကိုင်သူ စုစုပေါင်းအသင်းသား သင်းသူ ၇၂ ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် သိန်း၃၉၀ ထုတ်ချေးပေးထားကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm