Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး


19 Nov,2023

နေပြည်တော် နိုဝင်ဘာ ၁၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ထန်းတပင်မြို့နယ်၊ အတွင်းသဲဖြူကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာယာယီ ရှင်းလင်းဆောင်၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးက ထန်းတပင်မြို့နယ်အတွင်း ဘဏ္ဍာရေးနှစ်အလိုက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေများအားလည်းကောင်း၊ အတွင်းသဲဖြူကျေးရွာ၌ ရေသန့်စင် စနစ်ဆောင်ရွက်ပေးခဲ့မှု အခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်း တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးရွာသူ ကျေးရွာသားများ သာမက တာဝန်ရှိသူ အားလုံး ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည့်တံ့ခိုင်မြဲရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် မှာကြားပြီး ကျေးရွာများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာတင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ထန်းတပင်မြို့နယ်၊ ကြို့ကုန်းစိုက်ပျိုးရေး နှင့် အထွေထွေသမဝါယမအသင်းမှ  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ရယူ၍ ကန်ထရိုက်လယ်ယာ စနစ်ဖြင့် သမဝါယမအသင်း တောင်သူ(၁၁၇)ဦး စိုက်ပျိုးခဲ့သော မိုးစပါး (၁၁၂၀)ဧက ရိတ်သိမ်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ဒေသအခြေပြုဖွံ့ဖြိုးရေးစီမံကိန်း ဆောင်ရွက်နေမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများကရှင်းလင်းတင်ပြရာ စီမံကိန်းဆောင်ရွက်မှု အနေဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ဌာနဆိုင်ရာများ၊ သမဝါယမအသင်းသားတောင်သူများနှင့် ပူးပေါင်းပြီး စိုက်ပျိုးရေးအသင်းများဖွဲ့စည်းပြီး အကျိုးတူပူးပေါင်းဆောင်ရွက်မှု၊ သွင်းအားစုများ ပံပိုးပေးမှု၊ နည်းပညာပံပိုးပေးမှုနှင့် ဈေးကွက်ချိတ်ဆက်မှု၊ သဘာဝမြေဩဇာထုပ်လုပ်မည့် အစီအစဉ်များ၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှု များအပေါ် ပြည်ထောင်စုဝန်ကြီးက အထွက်တိုး မျိုးများကိုသာ စုပေါင်းစိုက်ပျိုးခြင်း၊ ထွက်ရှိလာ သော မိုးစပါးများအား စုပေါင်းရောင်းချခြင်း၊ ဈေးနှုန်းမှန်ကန်စွာရရှိရေး ဈေးကွက်ချိတ်ဆက် ဆောင်ရွက်ပေးရန်နှင့် စပါးများရောင်းချမှုမှ ရရှိသည့် ငွေများအနက် အသင်းသား တောင်သူများ အား Refund ငွေများ ပြန်လည်ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်၊ နွေစပါးစိုက်ပျိုးနိုင်ရေး၊ ကြိုတင်ဆောင်ရွက်ရန်၊ လိုအပ်သည့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ သွင်းအားစုရရှိရေးနှင့် စိုက်ပျိုးရေ လုံလောက်စွာရရှိသည့် နေရာများကိုသာ စိုက်ပျိုးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးသွားရန်နှင့် အသင်းသားများနှင့်ညှိနှိုင်းပြီး အကျိုးအမြတ် များကို ညီတူမျှတူခွဲဝေပေးနိုင်ရေး ဆောင်ရွက် သွားရန် လမ်းညွှန်မှာကြားပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက် လျက်ရှိသော ထန်းတပင်မြို့နယ်၊ သံတဇာ-ကောက်ကွေ့လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိ ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်း တင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ဘဏ္ဍာနှစ်အတွင်း စံချိန်စံညွှန်း ပြည့်မီစွာ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ကြရန်၊ ကျေးရွာသူကျေးရွာသား များသာမက တာဝန်ရှိသူအားလုံး ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည့်တံ့ခိုင်မြဲရေး ဝိုင်းဝန်းထိန်းသိမ်းကြရန်မှာကြားပြီး ကျေးရွာများ၏ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။ အဆိုပါ ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်ပြီးစီးပါက သံတဇာ၊ ကောက်ကွေ့ ကျေးရွာ အပါအဝင် ကျေးရွာ ငါးရွာရှိ အိမ်ခြေ ၅၀၃ အိမ်၊ လူဦးရေ ၂၁၂၄ ဦးတို့၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ် လုပ်ငန်းများအတွက် အကျိုးပြုပေးနိုင်မှာဖြစ်ပြီး ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနမှ စက်ချုပ်သင်တန်းဖွင့်လှစ်ပို့ချပေးခဲ့ပြီး စက်ချုပ်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့် တောင်ဒဂုံမြို့နယ်၊ အမှတ်(၁)စိုက်ပျိုးရေး မွေးမြူရေးရပ်ကွက်ရှိ “ရွှေသရဖူ”အမျိုးသမီးစက်ချုပ် သမဝါယမအသင်းသို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး နောက် အသင်းသူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm