Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မံစီမြို့နယ်၊ကျော်ခေါင်ကျေးရွာ၌ ဘက်စုံသုံးခန်းမဆောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေးခြင်း


17 Nov,2023

ကချင်ပြည်နယ်၊ဗန်းမော်ခရိင်၊မံစီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျော်ခေါင်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဘက်စုံသုံးခန်းမဆောက်လုပ်နေမှုအား နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

  ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မံစီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတန်ဂျီးနှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဖြင့် ဆောင်ရွက်သည့် ကျေးရွာဘက်စုံသုံးခန်းမဆောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှု့စစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင်ဆောင်ရွက်ကြရန် ကျေးရွာဖွံ့ဖြိုးရေး ကော်မတီမှ တာဝန်ရှိသူများကို မှာကြားကာ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

 မံစီမြို့နယ်ကျော်ခေါင်ကျေးရွာတွင် (၅၅၂၇၁၂)ပေရှိ ကျေးရွာဘက်စုံသုံးခန်းမ  ဆောက်လုပ်ခြင်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ငွေကျပ်(၁၅)သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု၊ ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ/သားများကိုယ်တိုင် ယခုနှစ် စက်တင်ဘာလလ ၁၂ ရက်နေ့မှ စတင်ဆောင်ရွက် ခဲ့ရာ ယခုအခါ လုပ်ငန်းများ (၈၅)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm