မင်းတုန်း နိုဝင်ဘာ ၁၈
ကံပိုင် - လွှာဝ ဆက်သွယ်ရေးလမ်း လမ်းအရှည် (1.000 km)အား ဖို့မြေ၊ ဖြတ်မြေလုပ်ငန်း ဆောင်ရွက်ခြင်းနှင့် (5.49m) အကျယ်၊ (200mm) ထုမြေနီခင်းခြင်း(၀/၅) မိုင် လုပ်ငန်းသည် ယခုအခါ ၆၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း မင်းတုန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါလုပ်ငန်းကို တိုင်းဒေသကြီး (ငွေလုံးငွေရင်း)ရန်ပုံငွေကျပ် ၂၅ သန်းဖြင့် မင်းတုန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ ယင်းလမ်းပြီးစီးသွားပါက ကျေးရွာနှစ်ရွာမှ ဒေသခံပြည်သူ ၇၅၆ ဦး၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ကိစ္စရပ်များအတွက် အမြန်ဆုံး ဆက်သွယ်သွားလာနိုင်မည်ဖြစ်သည့်အပြင် ကျေးလက်ဒေသ ဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက်နှင့်မြို့ပြကွာဟမှု လျှော့ချနိုင်ရေးကိုပါ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
သန်းမင်းအောင်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်