Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မကွေးမြို့နယ် သံဘိုရွာသစ်ခေတ်မီစံပြကျေးရွာ၌ (Smart Village)စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှုစစ်ဆေး


20 Nov,2023

မကွေး    နိုဝင်ဘာ     ၂၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သံဘိုရွာသစ်ခေတ်မီစံပြကျေးရွာ၌ ဘက်စုံသုံးခန်းမတည်ဆောက်ခြင်း နှင့် ရေသန့်စင်စနစ်ဆောင်ရွက်နေမှု တာဝန်ရှိသူများက(၁၈-၁၁၀၂၀၂၃)ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းဇော်ဟန် နှင့် တာဝန်ရှိသူများသည် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ သံဘိုရွာသစ်ခေတ်မီစံပြကျေးရွာ၌ အလျား ၅၀ ပေ အနံ ၃၆ ပေ အမြင့် ၁၂ ပေရှိသော ဘက်စုံသုံးခန်းမတည်ဆောက်နေမှုနှင့် ကျေးရွာသူကျေးရွာသားများသောက်သုံးရန် တစ်နာရီလျှင် ၅၀၀ လီတာထွက်သော ရေသန့်စင်စနစ်ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက လုပ်ငန်းတာဝန်ခံအင်ဂျင်နီယာအား ဘက်စုံသုံးခန်းမကို ဌာနမှသတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ခေတ်မီစံပြကျေးရွာစီမံကိန်း(Smart Village)ရန်ပုံငွေကျပ် သုံးဆယ် သန်းနှင့် ပြည်သူထည့်ဝင်ငွေကျပ် နှစ်ဆယ် ဒသမ ၅ သန်းဖြင့် သံဘိုရွာသစ်ခေတ်မီခံပြကျေးရွာ၌ ဘက်စုံသုံးခန်းမတည်ဆောက်ခြင်းနှင့် ရေသန့်စင်စနစ်တည်ဆောက်ခြင်းလုပ်ငန်းများကို မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူ၍ အောက်တိုဘာလ ၂၀ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ဘက်စုံသုံးခန်းမမှာ ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး ရေသန့်စင်စနစ်မှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm