Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဥတ္တရသီရိမြို့နယ် မုံနှစ်ကျေးရွာ၌ ၄၀၀ ဗို့ဓါတ်အားလိုင်းသွယ်တန်းပြီးစီးမှု ကွင်းဆင်းစစ်ဆေး


20 Nov,2023

နေပြည်တော် နိုဝင်ဘာ ၂၀
 
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဥတ္တရသီရိမြို့နယ် မုံနှစ်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ထောက်ပံ့ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော လျှပ်စစ်မီး ရရှိရေးလုပ်ငန်း ၄၀၀ ဗို့ဓါတ်အားလိုင်းသွယ်တန်းပြီးစီးမှု အခြေအနေများကို (၁၈-၁၁-၂၀၂၃)ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
 
ထိုသို့ ကွင်းဆင်းစစ်ဆေးတွင် ဥတ္တရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးလင်း၊ ဥတ္တရသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇာခြည်မွန်နှင့် ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ မုံနှစ်ကျေးရွာ ကျေးရွာတွင်း ၄၀၀ ဗို့ဓါတ်အားလိုင်းသွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။
 
အဆိုပါ ကျေးရွာလျှပ်စစ်မီး ရရှိရေးအတွက် ၄၀၀ ဗို့ဓါတ်အားလိုင်း ၂၆၄၀ ပေ သွယ်တန်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုတးက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၅၀ ၊ ပြည်သူထည့်ဝင်ငွေကျပ် ၆၈ ဒသမ ၈၈၇ သိန်း၊  စုစုပေါင်းကုန်ကျငွေ ကျပ် ၂၁၈ ဒသမ ၈၈၇ သိန်းဖြင့် မြို့နယ်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး လုပ်ငန်း၏ နည်းပညာ အကူအညီ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူကျေးရွာသားများ ကိုယ်တိုင် အောက်တိုဘာလ ပထမအပတ်မှ စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။
 
အဆိုပါ လုပ်ငန်းဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာရှိ အိမ်ခြေ ၁၁၈ အိမ်၊ လူဦးရေ ၅၃၈ ဦးတို့အတွက် အချိန်ပြည့် လျှပ်စစ်မီးရရှိနိုင်မှာ ဖြစ်ကြောင်း ဥတ္တရခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးလင်းထံမှ သိရသည်။
 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်