ပင်လောင်း နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်သမဝါယမ အသင်းစုလီမိတက်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ၂၀၂၁-၂၀၂၂ မီနီ(၆)လနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်သည်။
အစည်းအဝေးတွင် သဘာပတိ ဦးစိုင်းနော်ခမ်း(မြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ)က အဖွင့်အမှာစကားပြောကြားပြီး၊ ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်းသမဝါယမအသင်းစုချုပ်လီမိတက် ဥက္ကဋ္ဌ ဒေါ်သန်းညိုက သမဝါယမအသင်းမှ ဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းနှင့် မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှမြင့်က သမဝါယမလုပ်ငန်းဆိုင်ရာအကြောင်းများကို ဆွေးနွေး ပြောကြားခဲ့ကြသည်။
ထို့နောက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ၂၀၂၁-၂၀၂၂ မီနီ(၆)လ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် လုပ်ငန်းအစီရင်ခံစာများ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများ၊ အမြတ်ခွဲဝေမှုစာရင်း၊ အသင်းစာရင်းစစ် အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်ကို အသင်းစုဒါရိုက်တာအဖွဲ့ဝင်များက အသီးသီးဖတ်ကြားခဲ့ကြပြီး၊ အသင်းစုဒါရိုက်တာအဖွဲ့ဝင်များ ဖတ်ကြားခဲ့ကြသည့် လုပ်ငန်းအစီရင်ခံစာများ၊ နှစ်ချုပ်ဘဏ္ဍာရေး ရှင်းတမ်းများ၊ အမြတ်ခွဲဝေမှုစာရင်း၊ အသင်းစာရင်းစစ်အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်ကို ဆုံးဖြတ် အတည်ပြုပေးခဲ့ကြောင်း၊ ယင်းနောက် သဘာပတိက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်