Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဇေယျာသီရိမြို့နယ်ရှိ အသေးစား မျှစ်ခြောက်ကုန်ထုတ်စက်ရုံ လည်ပတ်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


15 Nov,2023

နေပြည်တော် နိုဝင်ဘာ ၁၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နေ့လယ်ပိုင်းက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ် စက်ကုန်းကျေးရွာ၌ စိမ်းလဲ့မြေသမဝါယမအသင်းနှင့် နရိနြ္ဒာကုမ္ပဏီလီမိတက်တို့အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော စီးပွားဖြစ် အသေးစား မျှစ်ခြောက်ကုန်ထုတ်စက်ရုံ လည်ပတ်နေမှုအခြေ အနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည့် ဇေယျာသီရိမြို့နယ်၊ စပ်ကုန်းကျေးရွာသို့ ရောက်ရှိပြီး စိမ်းလဲ့မြေသမဝါယမအသင်းနှင့် နရိနြ္ဒာကုမ္ပဏီတို့အကျိုးတူ ပူးပေါင်းဆောင်ရွက် လျက်ရှိသော စီးပွားဖြစ် အသေးစား မျှစ်ခြောက်ကုန်ထုတ်စက်ရုံ လည်ပတ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ နရိနြ္ဒာကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဒေါ်နန်းခင်အုန်းက စက်ရုံ၏ မျှော်မှန်းချက်၊ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များနှင့်လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်အားလည်းကောင်း၊ မျှစ်ခြောက် ထွက်ကုန်၏ နှစ်စဉ်ပြည်ပ ဝယ်လို အားနှင့် တင်ပို့နေမှုအခြေအနေများအားလည်းကောင်း၊ နှစ်စဉ်ဂျပန် နိုင်ငံသို့ မျှစ်ခြောက်များ တင်ပို့နိုင်ခဲ့မှုနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကိုရီးယာသမ္မနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ လက်ရှိ ဝါးစိုက်ခင်းထူထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း၊ ပျဉ်းမနား မြို့နယ်အတွင်းရှိ ဝါးစိုက်တောင်သူများအား ဝါးတောထိန်းသိမ်းနည်း သင်တန်းပို့ချမှု အခြေအနေ များအားလည်းကောင်း၊ ကုန်ကြမ်းရရှိမှု အခြေအနေများအားလည်းကောင်းရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက စက်ရုံစဉ်ဆက်မပြတ် လည်ပတ်နိုင်ရေးအတွက် ကုန်ကြမ်းရရှိမှုဟာ အရေးကြီးပါကြောင်း၊ စက်ရုံအတွက် လိုအပ်သည့် ကုန်ကြမ်းများရရှိရေး ချိတ်ဆက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကုန်းကြမ်းများထုတ်လုပ်ရာတွင် သဘာဝအရင်းအမြစ်များ မပြုန်းတီး စေရေးအတွက် ဝါးစိုက်တောင်သူများအား တောင်သူအသိပညာပေး သင်တန်းများဖွင့်လှစ်ပို့ချပေးရန် လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း များအား ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ စက်ရုံရှိဝန်ထမ်းများအား လိုအပ်ပါက ဒေသနှင့် ကိုက်ညီသည့် သင်တန်းများအား ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မျှစ်ခြောက်ကုန်ထုတ်စက်ရုံ လည်ပတ်နေမှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို ကြည့်ရှုစစ်ပြီးနောက် လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သတင်း ရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm