Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)မွမ်းမံသင်တန်း(၂/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန် တက်ရောက်အမှာစကားပြောကြား


15 Nov,2023

နေပြည်တော်  နိုဝင်ဘာ ၁၄ ရက်

       သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)မွမ်းမံသင်တန်း(၂/၂၀၂၃)သင်တန်းဆင်းပွဲ အခမ်းအနားကို (၁၄-၁၁-၂၀၂၃)ရက်နေ့ နေ့လည်(၁၅:၀၀)နာရီ အချိန်တွင်  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ သင်တန်းဆင်းပွဲအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

    ရှေးဦးစွာ အမြဲတမ်းအတွင်းဝန်မှ သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် ကျေးလက်လမ်း/တံတားလုပ်ငန်း‌များ ဆောင်ရွက်ရာတွင် ကောင်းမွန်သောစီမံခန့်ခွဲမှု၊ တာဝန်ယူမှု/တာဝန်ခံမှု အပြည့်ဖြင့်ဆောင်ရွက်ရန်၊ မိမိတို့လုပ်ငန်းတွင် effective ဖြစ်ရန်နှင့် efficiency ဖြစ်ရမည်၊ Rule of Law အတိုင်း သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့် မူဝါဒများလိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့သည် အင်ဂျင်နီယာများဖြစ်သည်နှင့်အညီ အင်ဂျင်နီယာကျင့်စဉ်၊ ဥပဒေလုပ်ထုံးလုပ်နည်းများလည်း လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့ရည်မှန်းချက်မှာ ၂၀၃၀ ပြည့်နှစ်တွင် ရာသီမရွေးသွားလာနိုင်သော ကျေးလက်လမ်းများဖောက်လုပ်ပေးရန်၊ ကျေးလက်လမ်း/တံတားများ ရေရှည်တည်တံ့စေရန် စံသတ်မှတ်ထားဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊   Organizational Development အနေဖြင့် မိမိတို့သည် ခေါင်းဆောင်အဆင့် level ဖြစ်သည့်အလျောက် လုပ်ငန်းများဆောင်ရွက်ရာတွင် ဌာန၏ပုံရိပ်၊ ဌာနဖွံ့ဖြိုးတိုးတက်စေရန် မိမိတို့ကိုယ်တိုင် လေးစားလိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၊ မိမိတို့စွမ်းဆောင်ရည်ပြည့်ဝနေစေရန် တိကျသော Workplan များရေးဆွဲဆောင်ရွက်ရန်လိုကြောင်းနှင့် ဝန်ထမ်းများနှင့်စုပေါင်းဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သည့်အတွက် ဌာနတွင်းစည်းလုံးညီညွတ်ရန် အရေးကြီးကြောင်းပြောကြား၍ လိုအပ်သည်များမှာကြားကာ သင်တန်းဆင်းပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

          အဆိုပါသင်တန်းကို (၆-၁၁-၂၀၂၃)ရက်နေ့မှ (၁၄-၁၁-၂၀၂၃)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား/သူ (၃၆)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm