Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမစီမံခန့်ခွဲမှုနှင့် ဈေးကွက်ဖော်ဆောင်ရေးသင်တန်း(စတုတ္ထအကြိမ်) ဆင်းပွဲအခမ်းအနား ကျင်းပ


17 Jun,2022

နေပြည်တော်၊ ဇွန်၁၇

           မဲခေါင်-လန်ချန်းအထူးရန်ပုံငွေ(၂၀၂၀)ဖြင့် ဆောင်ရွက်သည့် မြန်မာနိုင်ငံနှင့် မဲခေါင်ဒေသရှိ သမဝါယမအသင်းများဖွံ့ဖြိုးတိုးတက်စေရန်နှင့် စွမ်းဆောင်ရည်မြှင့်တင်စေရန်အတွက် ဖွင့်လှစ်သော သမဝါယမစီမံခန့်ခွဲမှုနှင့် ဈေးကွက်ဖော်ဆောင်ရေးသင်တန်း(စတုတ္ထအကြိမ်) ဆင်းပွဲအခမ်းအနားကို သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ညှိနှိုင်းအစည်းအဝေးခန်းမ၌ Online စနစ်ဖြင့် ယနေ့ နေ့လည် (၃:၃၀) နာရီတွင် ကျင်းပခဲ့ရာ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးမျိုးအောင်နှင့် တာဝန်ရှိသူများ၊ သင်ကြားပို့ချပေးခဲ့သည့်ဆရာ၊ ဆရာမများနှင့် သင်တန်းသား/သူများ တက်ရောက် ခဲ့ကြသည်။

           သင်တန်းဆင်းပွဲအခမ်းအနားတွင် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမျိုးအောင်က ယခု သင်တန်းတွင် လေ့လာခဲ့ရသည့် စီမံခန့်ခွဲမှုနှင့် လုပ်ထုံးလုပ်နည်းများကို  မိမိတို့၏ လုပ်ငန်းခွင်တွင် ပြန်လည်မျှဝေပြီး သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် စေလိုကြောင်း ပြောကြားခဲ့ပြီး ဆက်လက်၍ သမဝါယမကောလိပ်(ဖောင်ကြီး)မှ ကထိက ဒေါ်အေးသီတာမှ နှုတ်ဆက်အမှာစကားပြောကြားခဲ့သည်။

           ထို့နောက် သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီး သင်တန်းကို (၁၃-၆-၂၀၂၂)မှ (၁၇-၆-၂၀၂၂) ရက်နေ့ထိ သင်တန်းသား/သူ (၁၀၅) ဦးဖြင့် နေ့လည်(၁:၀၀) နာရီမှ ညနေ(၄:၃၀)နာရီထိ (၅)ရက်ကြာ သင်ကြားပို့ချခဲ့သည်။ သင်တန်းသို့ သမဝါယမဦးစီးဌာန အဆင့်ဆင့်ရှိ ဌာနဝန်ထမ်းများ၊ သမဝါယမအသင်းအဆင့်ဆင့်ရှိ အသင်း အမှုဆောင်များနှင့် အသင်းဝန်ထမ်းများအား Online မှတစ်ဆင့် Zoom Application ဖြင့် သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm