Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကံမမြို့နယ်၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ နဝမအကြိမ်ထုတ်ချေး


17 Nov,2023

ကံမ     နိုဝင်ဘာ       ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အ လုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသဆင်း ရဲမှုနှုန်းကို လျှော့ချနိုင်စေရန်ရည်ရွယ်၍ မြ စိမ်းရောင်စီမံကိန်းရန်ပုံငွေ နဝမအကြိမ်မြောက် ထုတ်ချေးပေးခြင်းအခမ်းအနားကို နိုဝင်ဘာလ ၁၆ ရက်နေ့တွင် တာဝန်ရှိသူများက လိန်ကုန်းကျေးရွာအုပ်စု၊ လိန်ကုန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းကျော်ကျော်မျိုးက မြစိမ်းရောင်ကျေးရွာစီမံကိန်းအသင်းဝင် ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံ၍ ရန်ပုံငွေထုတ်ချေးပေးရခြင်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ၊ အတိုးဆပ်ကာလ၊ အရင်းဆပ်ကာလနှင့် အတိုးနှုန်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် လိန်ကုန်းကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ စီမံကိန်းအသင်းဝင် ၂၂၀ ဦးအား ငွေကျပ် ၅၅ ဒသမ ၇၈ သန်းကို ငွေတစ်ရာကျပ်လျင် အတိုးနှုန်း ပြားငါးဆယ်ဖြင့် စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm