Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေနံချောင်းမြို့နယ်၌ ကျေးရွာချင်းဆက် မြေနီလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး


17 Nov,2023

ရေနံချောင်း နိုဝင်ဘာ ၁၆

           မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ချိုင်း-သပြေစမ်း ကျေးရွာချင်းဆက် မြေနီလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရေနံချောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်နှင်းပုလဲထွေးနှင့် တာဝန်ခံအင်ဂျင်နီယာများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ချိုင်း-သပြေစမ်းကျေးရွာချင်းဆက် မြေနီလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးအရာရှိက မြေနီလမ်းကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ကြရန် မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          အဆိုပါ ချိုင်း- သပြေစမ်းကျေးရွာချင်းဆက်လမ်း အရှည်တစ်မိုင် ခြောက်ဖာလုံ၊ အကျယ် ၁ ပေ၊ အမြင့် ရှစ်လက်မရှိ မြေနီလမ်းခင်းခြင်းလုပ်ငန်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံ ငွေကျပ် ၆၀ ဒသမ ၂၁၇၆ သန်းဖြင့် United Life Co., Ltd က ယခုနှစ် စက်တင်ဘာလ ပထမပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၅၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

        အဆိုပါ ကျေးရွာချင်းဆက် မြေနီလမ်းခင်းခြင်းလုပ်ငန်းပြီးစီးပါက ချိုင်းကျေးရွာနှင့် သပြေစမ်းကျေးရွာရှိ အိမ်ခြေ ၄၃၆ အိမ်၊ လူ ၂၀၃၆ ဦးတို့၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အခြား လူမှုရေးကိစ္စရပ်များအတွက် လွယ်ကူစွာသွားလာနိုင်မည်ဖြစ်ကြောင်း ရေနံချောင်းမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်နှင်းပုလဲထွေးက ပြောပြ၍ သိရသည်။

ကျော်ဦး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm