Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းဘူးမြို့နယ် နန်းတော်ကုန်း-ရေပေါ်ကြီး-ပုဂံစစ်ကျေးရွာချင်းဆက်လမ်း၌ ရေကျော်တံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု စစ်ဆေး


17 Nov,2023

မင်းဘူး နိုဝင်ဘာ ၁၆

            မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ မြို့ပြနှင့်ကျေးလက်ကွာဟမှု ကျဉ်းမြောင်းစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နန်းတော်ကုန်း-ရေပေါ်ကြီး-ပုဂံစစ် ကျေးရွာချင်းဆက်လမ်းတွင် ရေကျော်တံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို နိုဝင်ဘာ ၁၅ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ရွှေစင်ဦးနှင့် တာဝန်ခံအင်ဂျင်နီယာများက ကျေးရွာကော်မတီဝင်များနှင့်အတူ နန်းတော်ကုန်း-ရေပေါ်ကြီး-ပုဂံစစ် ကျေးရွာချင်းဆက်လမ်းတွင် ရေကျော်တံတားတည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မင်းဘူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ရွှေစင်ဦးက ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး ကျေးရွာ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

            ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မင်းဘူးမြို့နယ် နန်းတော်ကုန်း- ရေပေါ်ကြီး-ပုဂံစစ် ကျေးရွာချင်းဆက်လမ်းတွင် အရှည်ပေ ၁၄၀၊ အကျယ် ၁၈ ပေ၊ အမြင့် ကိုးလက်မ ရှိ ရေကျော်တံတားတည်ဆောက်ခြင်းလုပ်ငန်းကို ပြည်ထောင်စု ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၇၉ ဒသမ ၈ သန်းဖြင့် ဦးထိပ်ပန်ကုမ္ပဏီက ယခုနှစ် ဩဂုတ်လ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မင်းဘူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ရွှေစင်ဦးက ပြောပြ၍ သိရသည်။

ဇင်မာ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm