Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဆပ်ပြာရည်ထုတ်လုပ် ခြင်းသင်တန်း၊ Bakery မုန့် ပြုလုပ်နည်း သင်တန်းဆင်းပွဲနှင့် ထူးချွန်သူများအား လုပ်ငန်းသုံး ပစ္စည်းများပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်


16 Nov,2023

နေပြည်တော် နိုဝင်ဘာ ၁၆

            အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သည့် ဆပ်ပြာရည်ထုတ်လုပ် ခြင်းသင်တန်း၊ Bakery မုန့် ပြုလုပ်နည်း သင်တန်းဆင်းပွဲနှင့် ထူးချွန်သူများအား လုပ်ငန်းသုံး ပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့ သီရိမင်္ဂလာခန်းမ၌ ကျင်းပ ပြုလုပ်ရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့် သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေး မှူးချုပ်များ၊ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းသားသင်တန်းသူများနှင့် ရပ်မိရပ်ဖများ တက်ရောက်ကြပါသည်။

            အခမ်းအနားတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အနေဖြင့် ယွန်း၊ ရက်ကန်း၊ စက်မှု၊ လက်မှု၊ စားသောက်ကုန်၊ လူသုံးကုန်နှင့် အလှကုန်ဆိုင်ရာ နည်းပညာသင်တန်းတွေကို သင်ကြားပို့ချပေးခြင်း၊ ထွက်ရှိလာသည့် ကုန်ပစ္စည်းမျာကို ဓာတ်ခွဲစမ်းသပ်ပေးခြင်း၊ စနစ်တကျလုပ်ငန်းမှတ်ပုံတင်ပေးခြင်း များကို ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ယခုဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုနယ်မြေ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များရှိ ကျေးရွာ(၁၅၂)ရွာမှာ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီး ပေးနိုင်ရေး နှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးခြင်းနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက် ပေးနိုင်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပေါ်ထွန်းလာပြီး မိသားစုဝင်ငွေတိုးပွား လာခြင်း၊ အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေခြင်း၊ ဒေသ ထွက်ကုန်ကြမ်းများအပေါ် အခြေခံပြီး တန်ဖိုးမြှင့် ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်လာနိုင်ခြင်း၊ သွင်းကုန်အစားထိုးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးတွေကို ရရှိစေမှာ ဖြစ်ကြောင်း၊ သင်တန်းများကို ဖွင့်လှစ်ပေးရာတွင် တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်အသီးသီးက  ကျေးရွာများ၏ ဒေသအလိုက်ပေါများစွာ ထွက်ရှိသည့် ကုန်ကြမ်းများအပေါ် မူတည်၍ သော်  လည်းကောင်း၊ ဒေသခံများ၏ လိုအပ်ချက်အရသော်လည်းကောင်း၊ သင်တန်းအမျိုးအစားအလိုက် ရွေးချယ်ဖွင့်လှစ်ပေးပါကြောင်း၊ ရည်ရွယ်ချက် အနေဖြင့် အိုးမကွာ၊ အိမ်မကွာဖြင့် မိသားစုဝင်ငွေ တိုးပွားရေးဆောင်ရွက်လိုသော အမျိုးသမီးများ၊ ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားနိုင်မှု မရှိခဲ့ သည့် လူငယ်လူရွယ်များကို အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားတတ်မြောက်စေပြီး အမှန်တကယ် ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်စေရန်အတွက် ဖွင့်လှစ်ပို့ချပေးခြင်း ဖြစ်ပါကြောင်း ပြောကြားပါသည်။

            ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အသက်မွေးဝမ်းကျောင်းအထောက်အကူပြု နည်းပညာသင်တန်းများကိုသာ ဖွင့်လှစ်ပို့ချပေးခဲ့ပြီး လုပ်ငန်းထူထောင်ဖို့ လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးနိုင်ခဲ့ခြင်းမရှိပါကြောင်း၊ ယခုအခါ စီမံကိန်းသင်တန်းများဖွင့်လှစ်ပို့ချပြီးပါက လုပ်ငန်းများထူထောင်အောင်မြင်ပြီး အမှန်တကယ် မိသားစုဝင်ငွေတိုးတက်လာရန်နှင့် ဈေးကွက် ဖော်ဆောင်နိုင်ပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်လာရန်အတွက်  သင်တန်းတွင် ထူးချွန်းသူများအနက်မှ  အမှန်တကယ် လုပ်ငန်းလုပ်ကိုင်မည့်သူ (၅)ဦးကိုရွေးချယ်ပြီး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ် သွားမှာဖြစ်ပါကြောင်း၊ ယခု လယ်ဝေးမြိုနယ်၊ မြို့ကုန်းကျေးရွာမှာ ဖွင့်လှစ်ခဲ့သည့် စားသောက် ကုန်သင်တန်းအတွက် သင်တန်းသားတစ်ဦးလျှင်ငွေကျပ် ၁၂ ဒသမ ၅၁၅၂သိန်းကျော်နှင့်ညီမျှသော လုပ်ငန်းသုံး ပစ္စည်း စုစုပေါင်းငွေကျပ် ၆၂ ဒသမ ၅၇၆ သိန်း တန်ဖိုးရှိ လုပ်ငန်းသုံးပစ္စည်းများကို ပေးအပ်သွားမှာ ဖြစ်ပါကြောင်း၊ အလားတူ လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာမှာဖွင့်လှစ်တဲ့ လူသုံးကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းအတွက် သင်တန်းသား တစ်ဦးလျှင် ငွေကျပ် ၁၂ ဒသမ ၃၇၈ သိန်း နှင့်ညီမျှသော လုပ်ငန်းသုံးပစ္စည်း စုစုပေါင်းငွေကျပ် ၆၁ ဒသမ ၈၉ သိန်း တန်ဖိုးရှိ လုပ်ငန်းသုံး ပစ္စည်းများကို ပေးအပ်သွားမှာဖြစ်ပါကြောင်း ပြောကြားပါသည်။

            ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦးက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများဟာ နိုင်ငံ့ပွားရေးအတွက် အဓိကမောင်းနှင်အားများဖြစ်သည့် အတွက် MSME လုပ်ငန်းများကို အားပေးကူညီခြင်းက မိမိတို့ နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ရာရောက်ပါကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှသာလျှင်  နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု နိုင်မည်ဖြစ်ပါကြောင်း၊ နေပြည်တော် ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်သူအားလုံးက လုပ်ငန်းစဉ်အားလုံးကို သိရှိပြီး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ယခုသင်တန်းမှ လုပ်ငန်းသုံးပစ္စည်းများ အသုံးပြုခွင့် ရရှိသည့် ထူးချွန်သူ သင်တန်းသားများနေဖြင့် ရရှိသည့် အခွင့်အရေးကို အကျိုးရှိရှိ အသုံးချပြီး ကိုယ်ပိုင်လုပ်ငန်းငယ်များထူထောင်ကာ အောင်မြင်သည့် စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ပေါ်စေရေး ကြိုးစားဆောင်ရွက်ကြရန် ပြောကြားပါသည်။

            ထို့နောက် သင်တန်းဆင်းသူများအနက်မှ လုပ်ငန်းထူထောင်လိုသူ ထူးချွန်သင်တန်းသား များကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်ကြရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူ များ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပါသည်။

            ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန စားရိပ်သာများတွင် ဝန်ထမ်းများ နေ့လည်စာ စားသုံးနေမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်