အင်္ဂပူ နိုဝင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက် သည့် ထူးကြီးဒေသ၊ အုတ်ရှစ်ကုန်းကျေးရွာအုပ်စု၊ အုတ်ရှစ်ကုန်းကျေးရွာရှိ တက်နေဝင်း စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းမှ မိုးစပါးစိုက်ပျိုးထားရှိမှုအခြေအနေနှင့် မြင့်မြတ်သူ နေကြာစိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းမှ မိုးနေကြာစိုက်ပျိုးထားရှိမှုအခြေအနေများကို မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးသည့် တက်နေဝင်းစိုက်ပျိုးရေးနှင့်အထွေထွေ သမဝါယမအသင်းမှ အသင်းသားတောင်သူ ၅၄ ဦး၏ မိုးစပါးစိုက်ဧက ၂၉၅ အတွက် တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှင့်ညီမျှသော သွင်းအားစုများကိုလည်းကောင်း၊ မိုးနေကြာစိုက်ပျိုးသည့် မြင့်မြတ်သူ နေကြာစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ အသင်းသား ၄၀ ဦး၏ မိုးနေကြာစိုက်ဧက ၄၄ အတွက် တစ်ဧကလျှင် ငွေကျပ် ၁၂၃၀၀၀ နှင့်ညီမျှသော ပံ့ပိုးငွေကျပ် ၅၄၁၂၀၀၀ ကိုလည်းကောင်း ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်