Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စလင်းမြို့နယ် ပိန္နဲပင်-ငါးသန်ခေါင်းကျေးရွာချင်းဆက်လမ်းတွင် ဘေလီတံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု စစ်ဆေး


14 Nov,2023

စလင်း နိုဝင်ဘာ ၁၃

            မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ မြို့ပြနှင့်ကျေးလက်ကွာဟမှုကျဉ်းမြောင်းစေပြီး လူမှုစီးပွားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်တွင် ပိန္နဲပင်-ငါးသန်ခေါင်း ကျေးရွာချင်းဆက်လမ်းတွင် ဘေလီတံတားတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို နိုဝင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး၊ မင်းဘူးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူနှင့် မြို့နယ်တာဝန်ခံ အင်ဂျင်နီယာများက ပိန္နဲပင်- ငါးသန်ခေါင်းကျေးရွာချင်းဆက်လမ်းတွင် ဘေလီတံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်တာဝန်ခံအင်ဂျင်နီယာက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များရှင်းလင်းတင်ပြရာ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

            ပိန္နဲပင်-ငါးသန်ခေါင်း ကျေးရွာချင်းဆက်လမ်းတွင် အရှည် ပေ ၃ဝဝ၊ အကျယ် ပေ ၂၀၊ အမြင့် ၁ဝ ပေ ဘေလီတံတားတည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၁၄၉ ဒသမ ၉၅၃ သန်းဖြင့် စလင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ယခုနှစ် ဇွန် ၂၂ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၈၅ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါ ဘေလီတံတားတည်ဆောက်ပြီးစီးပါက ကျေးလက်နေပြည်သူများ ရာသီမရွေးသွားလာရေး အဆင်ပြေတော့မည်ဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူထံမှ သိရသည်။

ဇင်မာ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm