Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ချောင်းခြားကျေးရွာနှင့် အလယ်စု-ထိန်ရုံကုန်း-ကျွန်းတောကျေးရွာ ကုန်ထုတ်လမ်းတို့အား ကွင်းဆင်းစစ်ဆေးခြင်း


14 Nov,2023

 သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်နေပြည်သူများ၏ လယ်ယာ၊ သားငါး အထောက်အကူပြု ကုန်ထုတ်လမ်းသွယ်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ၊ ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ပြည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် အားမာန်လွင်ကုမ္ပဏီနှင့် ခေတ်အဆက်ဆက်အောင်ကုမ္ပဏီတို့မှ တာဝန်ယူဆောင်ရွက်သည့် ချောင်းခြားကျေးရွာနှင့် အလယ်စု-ထိန်ရုံကုန်း-ကျွန်းတောစုကျေးရွာ ကုန်ထုတ်လမ်းတို့အား တာဝန်ရှိသူတို့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။      

                 ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်း၊ ပြည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဌေးဇော်နှင့် ဝန်ထမ်းများက တာဝန်ယူဆောင်ရွက်နေသည့် ကုမ္ပဏီဝန်ထမ်းများနှင့် တွေ့ဆုံပြီး လုပ်ငန်းအချိန်မီပြီးစီးနိုင်ရေး၊ သတ်မှတ်စံချိန်စံညွှန်းအညီဆောင်ရွက်ရန်နှင့် လိုအပ်သည်များ မှာကြားခဲ့တယ်လို့သိရှိရပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm