Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရခိုင်ပြည်နယ်သမဝါယမအသင်းစုချုပ်(လီမိတက်) နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲကျင်းပ


15 Nov,2023

စစ်တွေ နိုဝင်ဘာ ၁၅

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပြည်နယ်သမဝါယမအသင်းစုချုပ်(လီမိတက်)၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲ ကို အဆိုပါအသင်းစုချုပ် (လီမိတက်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် သဘာပတိအဖြစ် အသင်းဥက္ကဋ္ဌ ဦးလှသာထွန်းက အမှာစကား ပြောကြားခြင်း၊ ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မင်းထွန်းက လုပ်ငန်း ဆိုင်ရာများ ရှင်းလင်းပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ဘဏ္ဍာရေးအစီရင်ခံစာကို အုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်ဇော်မင်းကလည်းကောင်း၊ အသင်း စာရင်းစစ်အဖွဲ့အစီရင်ခံစာကို အသင်းစာရင်းစစ် ဦးသန်းဖေကလည်းကောင်း ဖတ်ကြားခဲ့သည်။ ၎င်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များကို တက်ရောက်လာကြသော အသင်းဝင်ကိုယ်စားလှယ် များက သဘောတူအတည်ပြုကြောင်း ဆုံးဖြတ်ချက်ရယူကာ သက်တမ်းပြည့်ပြီးဖြစ်သော အသင်းအမှုဆောင်ဒါရိုက်တာအဖွဲ့က နုတ်ထွက်ခဲ့ကြသည်။  

ဆက်လက်၍ အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲတွင် ဖွဲ့စည်းရေးကော်မတီဝင် များဖြစ်ကြသည့် ဦးဇော်မင်းထွန်း(ဥက္ကဋ္ဌ)၊ ဒေါ်မြင့်မြင့်သူ(အတွင်းရေးမှူး)၊ ဦးတင်ထွဋ်(အဖွဲ့ဝင်) နှင့် အသင်းဝင်ကိုယ်စားလှယ်(၃၄)ဦး တက်ရောက်ခဲ့သည်။ သဘာပတိအဖြစ် ဖွဲ့စည်းရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းထွန်းက ဆောင်ရွက်ပြီး အသင်းဝင်ကိုယ်စားလှယ်များ၏ အမည် စာရင်းဖတ်ကြားခြင်း၊ သမဝါယမအသင်းစုချုပ် ဦးစီးကော်မတီဝင်များ အမည်စာရင်းရွေးချယ် ခြင်းနှင့် အတည်ပြုချက်ရယူခြင်း၊ သမဝါယမအသင်းစုချုပ်၏ ဒါရိုက်တာအဖွဲ့ဝင်များနှင့် အသင်း စာရင်းစစ်အဖွဲ့ရွေးချယ်ခြင်းနှင့် အတည်ပြုချက်ရယူခြင်း၊ ဒါရိုက်တာအဖွဲ့ဝင်များနှင့် အသင်း စာရင်းစစ်များ တာဝန်ခွဲဝေသတ်မှတ်ခြင်းနှင့် အတည်ပြုချက်ရယူခြင်း၊ ဗဟိုသမဝါယမအသင်း လီမိတက်သို့ စေလွှတ်မည့် အသင်းကိုယ်စားလှယ်အမည်စာရင်းရွေးချယ်ခြင်းနှင့် အတည်ပြုချက် ရယူခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက်  ရွေးချယ်ခြင်းခံရသည့် ဒါရိုက်တာအဖွဲ့ဝင်များနှင့် အသင်းစာရင်းစစ် များသည် ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ ရှေ့မှောက်တွင်  ကတိသစ္စာခံယူခြင်းများ ဆောင်ရွက်ခဲ့ သည်။ ဆက်လက်၍ ပြည်နယ်သမဝါယမအသင်းစုချုပ်(လီမိတက်) ဥက္ကဋ္ဌသစ်က နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပြီး သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm