ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ မြို့နယ်သမဝါယမအသင်းစုလီမိတက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ရွေးချယ်တင်မြှောက်ပွဲအခမ်း အနားကို ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က အမှတ်(၉)ရပ်ကွက်၊ သူရလမ်းရှိ သီရိရတနာခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တောင်ဥက္ကလာပမြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးမြအောင်က မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များနှင့် အသင်း၏ လုပ်ငန်းလည်ပတ်မှုများကို အရှိန်အဟုန်ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရေးကြိုးစားပေးရန် အဖွင့် အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့် မှ မြို့နယ်သမဝါယမအသင်းစုလီမိတက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အောင်မြင်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ကိုယ့်ဒေသနှင့်ကိုက်ညီသည့် အရောင်းဆိုင်များဖွင့်လှစ်နိုင် ရေး၊ စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး၊ အသင်းစုများမှ လည်း လိုက်ပါဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် စုပေါင်းလုပ်ဆောင်ရန် အမှာ စကား ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်သမဝါယမအသင်းစုလီမိတက်အနေဖြင့် အသင်းဝင်အသင်းများသို့ အစုပေါ် အမြတ်ငွေကျပ် (၃၃၅၀၀၀၀/-)၊ ကုန်ဝယ်ပေါ်ပြန်အမ်းငွေကျပ် (၆၇၀၀၀၀၀/-) နှင့် အသင်းဝင် ကိုယ်စားလှယ်များသို့ တစ်ဦးလျှင် တစ်သောင်းကျပ်နှုန်းဖြင့် ငွေကျပ် (၆၉၀၀၀၀/-)၊ စုစုပေါင်းငွေကျပ် (၁၀၇၄၀၀၀၀/-) ပေးအပ်ခဲ့ကာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် တင်ပြသည့် အမှုဆောင်ဒါရိုက်တာ အဖွဲ့အစီရင်ခံစာ၊ အသင်းစာရင်းစစ် အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းများ၊ မြို့နယ်အသင်းဝင် ကိုယ်စားလှယ်များ၏ အကြုံပြုချက်များကို ရှင်းလင်းတင်ပြခဲ့ကြပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အတွက် အမှူဆောင်ဒါရိုက်တာအဖွဲ့၏ အတည်ပြုချက်များ၊ မြို့နယ်အသင်းဝင်ကိုယ်စားလှယ်များ၏ ဆုံးဖြတ်ပေးရန်အချက်များမှ အတည်ပြုချက်ရယူခဲ့ကြသည်။ ဆက်လက်၍ ဒါရိုက်တာအဖွဲ့ဝင်(၉)ဦး နှင့် အသင်းစာရင်းစစ်(၂) ဦးတို့ကို ရန်ကုန်တိုင်းဒေသကြီးအဆင့်ဖွဲ့စည်းရေးကော်မတီမှ အတည်ပြု ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့်၊ ရန်ကုန်တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေသူမြင့်၊ ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်အေး၊ ရန်ကုန်တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်လီမိတက်မှ အတွင်းရေးမှူး ဦးအေးကို၊ တောင်ဥက္ကလာပမြို့နယ် သမဝါယမ ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ တောင်ဥက္ကလာပမြို့နယ်သမဝါယမအသင်းစုလီမိတက်မှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အသင်းဝင်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်