ကျောက်တန်း နိုဝင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကျုံကန်ကျေးရွာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျောက်တန်းမြို့နယ်သမဝါယမအသင်းစုမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရယူဆောင်ရွက်နေသည့် ကျုံကန်ကျေးရွာ ရွှေကံ့ကော်စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ အသင်းသားဦးစိုးမောင်၏လယ်ဧက (၁၀)ဧကကို (၁၀-၁၁-၂၀၂၃) ရက်နေ့က မိုးစပါးများ စတင် ရိတ်သိမ်းရာ တစ်ဧကလျှင် စပါးတင်း(၈၀)တင်း ထွက်ရှိကြောင်း သိရှိရသည်။
အဆိုပါမိုးစပါးစတင်ရိတ်သိမ်းနေမှုအား ကျောက်တန်းမြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးထွန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးသန်းစိုးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
သန့်ဇင်ထွန်း
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်