Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျိုက်လတ်မြို့နယ်၌ အောင်တံခွန်တံတား ရေလယ်တိုင်နိမ့်ကျမှု ပြန်လည်ပြုပြင်နိုင်ရန် ကွင်းဆင်းစစ်ဆေး


13 Nov,2023

ကျိုက်လတ် နိုဝင်ဘာ ၁၂

            ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ် ဖောင်ရိုးချောင်းကျေးရွာနှင့် မော်လမြိုင်ကျွန်းမြို့နယ် တံခွန်တိုင် ကျုံဝါးကျေးရွာ ကျေးရွာချင်းဆက်လမ်းပေါ်ရှိ အောင်တံခွန်တံတား ရေလယ်တိုင်နိမ့်ကျမှု ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရန်အတွက် နိုဝင်ဘာ ၁၁ ရက်တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ စစ်ဆေးရေးအရာရှိချုပ် ဦးရဲခေါင်ထွန်း၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမင်းသိန်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြည့်ရှုကြပြီး လိုအပ် သည်များ မှာကြားခဲ့ကြောင်း သိရသည်။

            အဆိုပါ အောင်တံခွန်တံတားကို ၂၀၁၇ ခုနှစ်က ကျေးရွာနေပြည်သူများက ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

         အဆိုပါတံတားသည် ယခုနှစ် သြဂုတ် ၂၄ ရက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေစီးနှင့် မျောပါလာသော အမှိုက်၊ ဒိုက်၊ ဗေဒါများ အရှိန်ဖြင့်ဝင်တိုက်မှုကြောင့် နိမ့်ကျခြင်းဖြစ်ကြောင်းနှင့် တံတား၏အကျယ်မှာ ၁၄ ပေ နှင့် အရှည် ပေ ၃၆၀ ရှိကာ ကွန်ကရစ်တံတားအမျိုးအစားဖြစ်ကြောင်းသိရသည်။

သပြေထွန်း


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm