Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ခရမ်းမြို့နယ်တွင်ရေရရှိရေးလုပ်ငန်းများကွင်းဆင်းစစ်ဆေး


14 Nov,2023

ရန်ကုန်တိုင်းဒေသကြီး  ခရမ်းမြို့နယ်   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန    မြို့နယ် ဦးစီးမှူး  ဒေါ်ထားထားနိုင်နှင့်အဖွဲ့တို့သည်   နွေရာသီကာလတွင်      သောက်သုံး​ရေဖူလုံစွာရရှိစေရေး      အတွက် ရေရရှိရေးလုပ်ငန်းများကို    နိုဝင်ဘာ ၁၀ရက် နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှု   စစ်ဆေး ခဲ့သည်။

          ၂၀၂၃-၂၀၂၄  ဘဏ္ဍာနှစ်  ပြည်ထောင်စုရန်ပုံငွေဖြင့်   မြတ်ကောင်းကင်ကုမ္ပဏီက      တာဝန်ယူ ဆောင်ရွက်ခဲ့သည့်  ဝင်းပိုင်းရွာသစ်ကျေးရွာ၌   စက်ရေတွင်းတူးဖော်ခြင်း၊ ရေစက်ရုံနှင့်  ရေစုကန်တည် ဆောက်ခြင်းလုပ်ငန်းနှင့်  ပေါက်ပင်ကျေးရွာ၌   သောက်သုံးရေပိုမိုသိုလှောင်နိုင်ရန်  ရေကန်အနက်နှိုက် ခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက်  ကန်မှရေကန်များအား အခြားရေကန်သို့   ရေလှယ်ယူရန်ကျေးရွာ ကော်မတီရပ်မိ၊ ရပ်ဖများနှင့်တွေ့ဆုံ၍  လုပ်ငန်းစတင်ဆောင်ရွက်ရန်   ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့သည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm