Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တိုက်ကြီးမြို့နယ်ကုန်ထုတ်လမ်း၊တံတားတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကွင်းဆင်းစစ်ဆေး


14 Nov,2023

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ကျွဲဘုတ်ကျေးရွာအုပ်စု၊ ဓါတ်ချောင်း ကျေးရွာနှင့် အုပ်ပုံကျေးရွာအုပ်စု၊ ရေကျော်ရွာသစ်ကျေးရွာတို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုအား နိုဝင်ဘာလ(၈)ရက်နေ့က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြကြောင်းသိရသည်။  

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီးကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ)ဦးကျော်သူကိုကို၊ တိုက်ကြီးခရိုင် ဦးစီးမှူး၊ တိုက်ကြီး မြို့နယ် ဦးစီးမှူးနှင့်တာဝန်ရှိသူများက ယခုဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးခွင့်ပြုငွေဖြင့် ဆောင်ရွက်ခဲ့သည့် ကုန်ထုတ်ဂဝံလမ်းနှင့် ကွန်ကရစ်တံတားနှစ်စင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကိုကွင်းဆင်းကြည့်ရှု့ စစ်ဆေးသည်။

          ဆက်လက်၍ ဆုပြည့်ရတနာကုမ္ပဏီမှ တာဝန်ရှိသူများက ဓါတ်ချောင်းကျေးရွာ၌ ကုန်ထုတ် ကွန်ကရစ်တံတားတည်ဆောက်ခြင်းနှင့် ရေကျော်ရွာသစ်ကျေးရွာ၌ ကုန်ထုတ်ဂဝံလမ်းနှင့်ကွန်ကရစ် တံတားများတည်ဆောက်ခဲ့မှု ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းတင်ပြခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ဦးကျော်သူကိုကို ကလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          အဆိုပါကုန်ထုတ်လမ်းတံတားများတည်ဆောက်ခြင်းပြီးစီးပါက ဓါတ်ချောင်းကျေးရွာရှိအိမ်ခြေ  (၁၈၀)အိမ်၊ အိမ်ထောင်စု(၁၈၀)စု၊ လူဦးရေ(၈၀၆)ဦး နှင့် ရေကျော်ရွာသစ်ကျေးရွာရှိ  အိမ်ခြေ(၁၉၄) အိမ်၊ အိမ်ထောင်စု(၁၉၄)စု၊ လူဦးရေ(၇၃၉)ဦး တို့အတွက်  လမ်းပန်းဆက်သွယ်ရေး ပိုမိုလွယ်ကူ အဆင်ပြေစွာသွားလာနိုင်မည်ဖြစ်ကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm