Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တပ်ကုန်းမြို့နယ် သပြေသာကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု ကွင်းဆင်းစစ်ဆေး


14 Nov,2023

တပ်ကုန်း နိုဝင်ဘာ ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် တပ်ကုန်းမြို့နယ် သပြေသာကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဥတ္တရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးလင်း၊ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရန်နိုင်ရွှေနှင့် တာဝန်ခံအင်ဂျင်နီယာများက သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာလမ်း ကော်မတီဝင်များနှင့်အတူ သပြေသာကျေးရွာ ကျေးလက် ကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြားပါသည်။

အဆိုပါ သပြေသာကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း အရှည် ၂ ဒသမ ၅ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် တစ်ပေ ကျောက်ရောမြေခင်းခြင်း၊ မြေနီကျောက်စရစ် ကိုးလက်မထု ခင်းခြင်းလုပ်ငန်းနှင့် ကုန်ထုတ်တံတားအဖြစ်  ရေပြွန်တံတား သုံးနှစ်စင်းတည်ဆောက်ခြင်းကို နေပြည်တော်ကောင်စီ ခွင့်ပြုရန်ပုံငွေကျပ် ၂၂ ဒသမ ၂၆၉ သန်းဖြင့် တင်ဒါအောင်မြင်သည့် တောကြီးမြိုင်ကြီးကုမ္ပဏီမှ စက်တင်ဘာလ စတုတ္ထအပတ်က စတင်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၄၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။

အဆိုပါ သပြေသာကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက်ပြီးစီးပါက  ကျေးရွာရှိ အိမ်ခြေ ၃၆ အိမ်၊ လူဦးရေ ၁၂၃ဦး တို့၏ စိုက်ပျိုးမြေဧက ၁၀၀ ဧကကို အကျိုးပြုနိုင်မှာဖြစ်ပြီး အဆိုပါ စိုက်ပျိုးမြေဧကများမှ ထွက်ရှိသော ထုတ်ကုန်၊ ထွက်ကုန်များအား ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ် သက်သာစွာ အလွယ်တကူသယ်ယူ ပို့ဆောင်နိုင်မှာ ဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm