သုံးခွ အောက်တိုဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် သုံးခွမြို့နယ်အတွင်းရှိ စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမ အသင်းများမှ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးသည့် မိုးစပါးများအား မြို့နယ်သမဝါယမ အသင်းစုသို့ ယနေ့နံနက် ၁၀ နာရီအချိန်က စတင်ပေးသွင်းလျက်ရှိကြောင်း သိရသည်။
သုံးခွမြို့နယ်တွင် သမဝါယမအသင်းစုမှ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရယူဆောင်ရွက် သည့် ကျေးရွာသမဝါယမအသင်းပေါင်း (၁၁)သင်းရှိပြီး လယ်ဧက (၂၀၅၀) ဧကရှိသည့်အနက် အဇတ်ဝကျေးရွာ အောင်ကောင်းမြတ်စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းမှ အသင်းသားများ (၆၅)ဦး၏ လယ်ဧက (၄၃၀) ဧကရှိ မိုးစပါးများနှင့် ကတုံးပေါ်အလယ်ကျေးရွာ ပစ်တိုင်းထောင် စိုက်ပျိုးရေးအသင်းမှ အသင်းသား (၂၅)ဦး၏ လယ်ဧက(၃၄၅)ဧကရှိ မိုးစပါးများအား သမဝါယမ အသင်းစုသို့ ယနေ့စတင်ပေးသွင်းလျက်ရှိကြောင်း သိရသည်။
နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးသည့် မိုးစပါးများ သမဝါယမအသင်းစုသို့ ကျေးရွာ သမဝါယမအသင်းများမှ ပေးသွင်းနေမှုအား မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်းများ၊ သမဝါယမအသင်းစုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုခဲ့ ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်